Social Icons

Pages

Wednesday, March 8, 2017

မန္တလေးမြို့ ကျောက်ဆစ်တန်းမှ စကျင်ကျောက်ဖြင့် ထုလုပ်သည့် ဆင်းတုတော်များကို ထိုင်းနိုင်ငံ ဈေးကွက်သို့ ထိုးဖောက်တင်ပို့ရန်စီစဉ်နေ



မန္တလေး ၊ ၈-၃-၂၀၁၇

မန္တလေးမြို့ မဟာမုနိ ရုပ်ရှင် တော်မြတ် ကြီး၏ အနောက်ဘက် ခြမ်းတွင် တည်ရှိသည့် ကျောက်ဆစ် တန်းများမှ ထုလုပ်သည့် ဆင်းတုတော် များကို ယခု အခါ ထိုင်းနိုင်ငံ ဈေးကွက် သို့ ထိုးဖောက် တင်ပို့ရန် စီစဉ် လျက်ရှိကြောင်း ကျောက်ဆစ် လုပ်ငန်း လုပ်ကိုင် သူတစ်ဦးက ပြောပြသည်။

မန္တလေးမြို့မှ ထွက်ရှိသည့် ဘုရားဆင်း တုတော် များကို မြန်မာ နိုင်ငံ အနှံ့အပြား မှ မှာယူ လျက်ရှိပြီး ယခုလက်ရှိ အချိန်တွင် မြစ်ကြီးနား မြို့မှ အများဆုံး မှာယူ လျက်ရှိ ကြောင်း ၊ မြန်မာ နိုင်ငံတွင် စကျင်ကျောက် ထုဆစ်သည့် လုပ်ငန်းသည် မန္တလေးမြို့ ၌သာ အထင်ရှား ဆုံးဖြစ်ပြီး လက်ရှိ အချိန်တွင် မြန်မာ့ လက်မှု ပညာများ ဖြင့်ထုဆစ် ထားသည့် ဘုရား ရုပ်ပွားတော် များကို ဗုဒ္ဓဘာသာ အများဆုံး ကိုးကွယ်သည့် ထိုင်းနိုင်ငံသို့ တင်ပို့ ရောင်းချ ရန် စီစဉ် လျက်ရှိကြောင်း သိရသည်။

"ရောင်းအား အနေအထား ကတော့ လက်ရှိ အချိန်မှာ ရောင်းအား ကောင်းနေ ပါတယ်။ မနှစ်ကနဲ့ စာရင်တော့ ရောင်းအား အနည်းငယ် ကျဆင်း နေပါတယ်။ ဒီဆင်း  တုတော် တွေကို နယ်က အများဆုံး မှာပြီး ပူဇော် ကြပါတယ်။ မနှစ်က ရေကြီးခဲ့တဲ့ အတွက်ကြောင့် တောင်သူ တွေရဲ့ စီးပွားရေး ကျဆင်း လာတော့ အရောင်း အဝယ်က မနှစ်ကနဲ့ စာရင် အနည်းငယ် ကျဆင်း  နေပါတယ်''ဟု ၎င်းက ဆက်လက် ပြောပြသည်။ 

ယခု အခါ စကျင်ကျောက် များဖြင့် ထုဆစ် ထားသည့် ဆင်းတုတော် များကို အော်ဒါ အနေဖြင့် ထိုင်းနိုင်ငံမှ အများဆုံး မှာယူလျက် ရှိပြီး မလေးရှား နိုင်ငံနှင့် အခြား နိုင်ငံများ ကလည်း အော်ဒါ မှာယူ လျက်ရှိ ကြောင်း၊ လက်ရှိ အချိန်တွင် ဈေးကွက် အနေဖြင့် ထိုင်းနိုင်ငံ သို့အများဆုံး တင်ပို့ နိုင်ရန် အတွက် ကုမ္ပဏီများ နှင့် ချိတ်ဆက် ဆောင်ရွက် လျက်ရှိ  ကြောင်းသိ ရသည်။

မန္တလေးမြို့၏ ယဉ်ကျေးမှု အမွေ အနှစ် တစ်ခု ဖြစ်သည့် ကျောက်ဆစ် တန်းမှ ထုဆစ် သည့် ဆင်းတုတော် များကို ကမ္ဘာလှည့် ခရီး သွားများ စိတ်ဝင် တစား လာရောက် လေ့လာ လျက်ရှိကြောင်း သိရသည်။ 

ဆင်းတု တော်များကို ကျောက်၏ အရည်အသွေး နှင့်လက်ရာ များ အပေါ် မူတည်၍ ဈေးနှုန်းများ သတ်မှတ်ပြီး ရောင်းချ လျက်ရှိ ကြောင်း သိရသည်။ 

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...