Social Icons

Pages

Saturday, February 25, 2017

မြန်မာ့တပ်မတော် ဘော်လီဘောအသင်းနှင့် အိန္ဒိယတပ်မတော် ဘော်လီဘော အသင်းတို့ ချစ်ကြည်ရေး ဘော်လီဘောပြိုင်ပွဲ ယှဉ်ပြိုင်ကစား



မြန်မာ့တပ်မတော် ဘော်လီဘော အသင်းနှင့် အိန္ဒိယတပ်မတော် ဘော်လီဘော အသင်းတို့မှ အားကစား
သမားများ အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်စဉ်။

မြန်မာ့တပ်မတော်ဘော်လီဘောအသင်းနှင့် အိန္ဒိယတပ်မတော်ဘော်လီဘောအသင်းတို့
ချစ်ကြည်ရေးဘော်လီဘောပြိုင်ပွဲ ယှဉ်ပြိုင်ကစားစဉ်။

နေပြည်တော် (၂၅-၂-၂၀၁၇)

မြန်မာ့တပ်မတော် ဘော်လီဘောအသင်း နှင့် အိန္ဒိယတပ်မတော် ဘော်လီဘောအသင်း တို့၏ ချစ်ကြည်ရေး ဘော်လီဘောပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိ တပ်မတော် အားကစားရုံ (B)၌ ယှဉ်ပြိုင် ကစားကြသည်။

အဆိုပါ ချစ်ကြည်ရေး ဘော်လီဘောပြိုင်ပွဲ သို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ နိုင်ငံစစ်သံမှူး Colonel Naveen Mahajan၊ အိန္ဒိယတပ်မတော်မှ Lt.Col.S Ganesh ဦးဆောင်သော ဘော်လီဘော အသင်းမှ အားကစား သမားများနှင့် မြန်မာ့တပ်မတော် ဘော်လီဘော အသင်းမှ အားကစားသမားများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက် ကြည့်ရှုအားပေး ကြသည်။

ဦးစွာ နှစ်နိုင်ငံ ဘော်လီဘော အသင်းမှ အားကစားသမားများနှင့် ဒိုင်အဖွဲ့များသည် အားကစားကွင်း အတွင်းသို့ ဝင်ရောက်နေရာ ယူကြပြီး အားကစားပြိုင်ပွဲ လာရောက်ကြည့်ရှု အားပေးကြသော တပ်မတော်အရာရှိကြီး များနှင့် ဧည့်သည်တော်များအား အလေးပြု ကြသည်။

ထို့နောက် ချစ်ကြည်ရေး ဘော်လီဘော ပြိုင်ပွဲယှဉ်ပြိုင် ကစားကြမည့် နှစ်နိုင်ငံအသင်း များမှ အားကစား သမားများအား တပ်မတော် အားကစားနှင့် ကာယ ပညာအုပ်ချုပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ် ထွန်းထွန်းညီနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ နိုင်ငံစစ်သံမှူးတို့က လိုက်လံနှုတ်ဆက် ကြသည်။ 

ထို့နောက် နှစ်ဖက် အသင်းခေါင်းဆောင် များက နှစ်နိုင်ငံအလံများနှင့် အထိမ်းအမှတ် ပစ္စည်းများ အပြန်အလှန် လဲလှယ်ကြ၍ အမှတ်တရ စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးပြီး ဘော်လီဘောပြိုင်ပွဲကို ယှဉ်ပြိုင် ကစားကြရာ မြန်မာ့တပ်မတော် ဘော်လီဘောအသင်းက အိန္ဒိယတပ်မတော် ဘော်လီဘောအသင်းကို ၃ ပွဲ- ၁ ပွဲဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာ့တပ်မတော် အနေဖြင့် အိမ်နီးချင်း နိုင်ငံများ၊ ဒေသတွင်း နိုင်ငံများနှင့်ချစ်ကြည် ရေးကိုယ်စားလှယ် အဖွဲ့များ၊ လေ့လာရေးအဖွဲ့ များအပြန်အလှန် စေလွှတ်ခြင်း၊ တပ်မတော် ချစ်ကြည်ရေး အားကစား ပြိုင်ပွဲယှဉ်ပြိုင် ကစားခြင်းများပြုလုပ်၍ တပ်မတော်အချင်းချင်း ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုပိုမို ကောင်းမွန်စေရေး လုပ်ဆောင်လျက် ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...