Social Icons

Pages

Saturday, February 25, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး မျက်စိခွဲစိတ် ကုသမှုခံယူနေသည့် ဓမ္မက္ခိတ၀န်းသို ကျောင်းတိုက် ဆရာတော်ကြီးအား ဖူးမြော်ကြည်ညို

ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တသီလဝံသအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ ဖူးမြော်ကြည်ညိုစဉ်။

နေပြည်တော် (၂၅-၂-၂၀၁၇)

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ တို့သည် ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ တပ်မတော် ဆေးရုံကြီး၊ မျက်စိ ခွဲစိတ်ကုသဆောင်၌ မြစ်ကြီးနားမြို့၊ ဓမ္မရက္ခိတဝန်းသို ကျောင်းတိုက်ဆရာ တော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တသီလဝံသအား သွားရောက် ဖူးမြော် ကြည်ညိုသည်။ 

ဦးစွာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်ဇနီးတို့သည် ဆေးဝန်ထမ်းညွှန်ကြား ရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်စိုးဝင်း လိုက်ပါ၍ နေပြည်တော်ရှိ တပ်မတော် ဆေးရုံကြီးသို့ သွားရောက်ပြီး မျက်စိအတွင်းတိမ် ခွဲစိတ်ကုသမှု ခံယူနေသော ဝန်းသို ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုသည်။  ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဆရာတော်ကြီး၏ မျက်စိခွဲစိတ် ကုသမှုအခြေအနေများ နှင့် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊မိုင်းနားကျေးရွာ၊ ရွှေမိုးတောင်၌ ရဟန္တာ ၁ဝဝဝ ရှင်ပင်မြတ်စွာ အောင်သုခ စေတီတော်ကြီး တည်ထား ကိုးကွယ်မည့် အခြေအနေ များအား လျှောက်ထား မေးမြန်းခဲ့ပြီး ငှက်သိုက် အာဟာရများ ဆက်ကပ်လှူဒါန်းသည်။

ဝန်းသို ဆရာတော်ကြီးသည် မျက်စိအတွင်း တိမ်ဖြစ်ပွားခဲ့ပြီး အမြင်အာရုံ အားနည်းနေသဖြင့် ဖေဖော်ဝါရီ ၉ ရက်မှစ၍ နေပြည်တော်ရှိ တပ်မတော် ဆေးရုံကြီး မျက်စိခွဲစိတ် ကုသဆောင်၌ မျက်စိခွဲစိတ် ကုသမှု ခံယူနေခြင်း ဖြစ်ကြောင်း၊ တပ်မတော်မျက်စိ အထူးကု ဆရာဝန်ကြီးများက ဖေဖော်ဝါရီ ၁၆ ရက်တွင် ဝဲဘက်မျက်စိအတွင်း တိမ်အားလည်းကောင်း၊ ဖေဖော်ဝါရီ ၂၃ ရက် တွင် ယာဘက်မျက်စိအတွင်းတိမ် အားလည်း ကောင်း ခွဲစိတ်ပြီး မျက်တွင်း မှန်ဘီလူးအစားထိုး ကုသမှု (PHACOEMUL SIFICATION+FOLDABLEIOL IMPLANTATION လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း နှင့် ယနေ့တွင် ဆရာတော်ကြီး၏ မျက်စိတော်နှစ်လုံးမှာ အမြင်အာရုံများ  ကောင်းမွန်စွာ ရရှိပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...