Social Icons

Pages

Tuesday, September 20, 2016

မီးပုံးပျံပို့ဆောင်ရေး လုပ်ငန်းကို အောက်တိုဘာတွင် ပြန်လည်စတင်မည်



ညောင်ဦး ၊ ၂၀-၉-၂၀၁၆

ရှုခင်းများ ကြည့်ရှုနိုင်ရန် ခရီးသွား ဧည့်သည်များကို မီးပုံးပျံဖြင့် ပို့ဆောင်ပေးသည့် လုပ်ငန်းသည် ရာသီဥတု အခြေအနေ ကြောင့် လေးလကျော် ရပ်နားထားခဲ့ ရာမှ ပွင့်လင်းရာသီ ဖြစ်သည့် အောက်တိုဘာ လတွင် ပြန်လည် စတင်တော့မည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်တွင်းပြည်ပ ဆက်ဆံရေး နှင့် သတင်း ပြန်ကြားရေး ဌာနခွဲ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

''မီးပုံးပျံက ရာသီဥတု ကောင်းမွန်မှ ပျံသန်းလို့ ရတာပါ။ ပွင့်လင်းရာသီ ရောက်ပြီဆိုတာ နဲ့ ခရီးသွားရာသီ စပြီမို့ လေးလကျော် ရပ်နားထားတဲ့ မီးပုံးပျံ လုပ်ငန်းကို ပြန်လည်စတင် လုပ်ကိုင်တော့ မှာပါ။ သူက လေတိုက်ရာ အရပ်၊ လေတိုက်နှုန်း တွေနဲ့ ပျံသန်းရတာပါ။ အထူးသဖြင့် နိုင်ငံခြား ခရီးသွား ဧည့်သည်တွေက အတော်လေး နှစ်ခြိုက် ကြတယ်'' ဟု ၄င်းက ပြောသည်။

မီးပုံးပျံ ပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်သည့် ကုမ္ပဏီလေးခု ရှိပြီး မီးပုံးပျံ အလုံးရေ ၃၂ လုံးရှိကြောင်း၊ မီးပုံးပျံ စီးနင်းခ အနေဖြင့် တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၂၅ဝ မှ ၃၈ဝ အထိရှိကြောင်း သိရသည်။

မီးပုံးပျံကို ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ၌ အများဆုံး ပျံသန်းပြီး အင်းလေး၊ မုံရွာ၊ မန္တလေး၊ ပခုက္ကူ နှင့် မော်လမြိုင် စသည့်ဒေသ တို့၌လည်း ပျံသန်းမှုများ ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...