Social Icons

Pages

Tuesday, September 20, 2016

ကာကွယ်ရေးဦးစီးချုပ် (ရေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အမေရိကန်သို့ ထွက်ခွာ


ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့အား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်း နှင့် တာဝန်ရှိ သူများက 
ပို့ဆောင် နှုတ်ဆက်စဉ်

နေပြည်တော် ၊ ၂၀-၉-၂၀၁၆

အမေရိကန် နိုင်ငံ Newport Rhode Island တွင် ကျင်းပ ပြုလုပ်မည့် 22 nd International Seapower Symposium (ISS-22) သို့ တက်ရောက်ရန် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့ ညနေ ၄ နာရီ ၃ဝ မိနစ်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာရာ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်း၊ အမေရိကန် ရေတပ် စစ်သံမှူးနှင့် တပ်မတော် အရာရှိကြီး များက ပို့ဆောင် နှုတ်ဆက် ကြသည်။

ကာကွယ်ရေး ဦးစီးချုပ် (ရေ )နှင့် အတူ တပ်မတော်(ရေ) မှ အရာရှိကြီး တစ်ဦး အဖွဲ့ဝင် အဖြစ်လိုက်ပါ သွားကြောင်းနှင့် အဆိုပါ 22 nd International Seapower Symposium (ISS-22) အခမ်းအနားအား စက်တင်ဘာ ၂ဝ ရက်မှ ၂၃ ရက်အထိ ကျင်းပပြုလုပ် သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...