Social Icons

Pages

Monday, May 23, 2016

ရေကြောင်းနှင့် လေကြောင်း လူငယ်များ နေပြည်တော် အတွင်း လေ့လာရေးခရီး သွားရောက်


လေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့် သင်တန်းသား သင်တန်းသူများ စစ်သမိုင်းပြတိုက် ရှိ ပြင်ပပြကွက်များကို ကြည့်ရှု လေ့လာစဉ်

ရေကြောင်း လူငယ်မောင်မယ်များ သတ္တသတ္တာဟ မဟာဗောဓိစေတီတော် ကို လည့်လည် ကြည့်ရှုလေ့လာ ကြည်ညိုကြစဉ်

နေပြည်တော် ၊ ၂၃-၅-၂၀၁၆

ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့် သင်တန်း အမှတ်စဉ် (၁/၂ဝ၁၆)နှင့် လေကြောင်း လူငယ် အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂ဝ၁၆) တို့မှ စခန်းပေါင်းစုံ သင်တန်းသား၊ သင်တန်းသူ လူငယ်မောင်မယ် များသည် ယမန်နေ့ တွင် နေပြည်တော် အတွင်း လေ့လာရေး ခရီး သွားရောက် ကြသည်။

ဦးစွာ ရေကြောင်းနှင့် လေကြောင်း လူငယ်မောင်မယ် များသည် သတ္တသတ္တာဟ သို့ သွားရောက် ဖူးမြော်ကြပြီး သံဝေဇနိယ လေးဌာနကို လှည့်လည် ကြည့်ရှုလေ့လာ ကြည်ညို ကြသည်။ ထို့နောက် စစ်သမိုင်း ပြတိုက်သို့ သွားရောက်၍ တပ်မတော် (ကြည်း ၊ ရေ ၊ လေ) ပြခန်းများနှင့် ပြင်ပပြကွက် များကို လိုက်လံ ကြည့်ရှုလေ့လာ ကြရာ တာဝန်ရှိ သူများက ရှင်းလင်းပြသ ခဲ့ကြကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...