Social Icons

Pages

Monday, May 23, 2016

ဆိပ်ကမ်းမှ ထုတ်ယူရန် ကြန့်ကြာနေသော ကွန်တိန်နာများကို ရက်လွန်ကြေး ပေးသွင်းရန် သတ်မှတ်



ရန်ကုန် ၊ ၂၃-၅-၂၀၁၆

ရန်ကုန်မြို့ရှိ အပြည်ပြည် ဆိုင်ရာ ဆိပ်ကမ်းများ၌ ရောက်ရှိနေပြီး ထုတ်ယူရန် ရက်လွန် နေသည့် ကွန်တိန်နာ များကို ရက်လွန်ကြေး အဖြစ် ပေ ၂ဝ ကွန်တိန်နာ တစ်လုံးလျှင် တစ်ရက် ငွေကျပ် ၅ဝဝဝ နှင့် ပေ ၄ဝ ကွန်တိန်နာ တစ်လုံးလျှင် တစ်ရက် ငွေကျပ် ၁ဝဝဝဝ ပေးသွင်းရန် သတ်မှတ် ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး  ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ရန်ကုန် အပြည်ပြည် ဆိုင်ရာ ဆိပ်ကမ်းများ သို့ ကုန်ပစ္စည်းများ တင်ဆောင် လာသည့် ပြည်ပမှ သင်္ဘောကြီး များသည် ဆိပ်ကမ်း၌ စုပုံနေသည့် ကွန်တိန်နာ များကြောင့် သက်ဆိုင်ရာ ဆိပ်ကမ်းများတွင် ကုန်သေတ္တာ ချရန် ရန်ကုန်မြစ်ဝ ၌ ခုနစ်ရက်မှ ၁ဝ ရက်ကြာ စောင့်ဆိုင်း နေရသည့် အတွက် ကွန်တိန်နာ ရက်လွန်ကြေး များကို ယခုကဲ့သို့ ရက်လွန်ကြေး သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ ရန်ကုန်မြစ်ဝ၌ ကွန်တိန်နာများ ကြန့်ကြာ ပိတ်ဆို့နေရာ သင်္ဘော ကုမ္ပဏီများ အနေဖြင့် တစ်ရက်လျှင် အမေရိကန် ဒေါ်လာ ၁ဝဝဝဝ ခန့် ပေးချေ နေရသဖြင့် အပို ကုန်ကျမှုများ ဖြစ်ပေါ်လျက် ရှိသည်။

ထို့ပြင် ဆိပ်ကမ်း၌ ချထားပြီးသော ကွန်တိန်နာ များမှာလည်း နှစ်ပတ်အတွင်း ပြီးပြတ်အောင် ထုတ်ယူခြင်း မရှိသဖြင့် ရန်ကုန်မြို့ရှိ ဆိပ်ကမ်း ရှစ်ခုအနက် မြန်မာစက်မှု ဆိပ်ကမ်းနှင့် အေးရှားဝေါလ် ဆိပ်ကမ်း တို့၌ ကွန်တိန်နာ ပြည့်ကျပ်၍ အခက်အခဲ များဖြစ်ပေါ် နေသဖြင့် စုပုံနေသည့် ကွန်တိန်နာ များ အမြန်ဆုံး လာရောက် ထုတ်ယူနိုင်ရန် ရက်လွန်ကြေး သတ်မှတ်၍ ဖြေရှင်းရခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...