Social Icons

Pages

Friday, May 13, 2016

ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် မေ ၂၅ ရက်မှ ၃၁ ရက်အထိ သတ်မှတ်


ရန်ကုန် ၊ ၁၃-၅-၂၀၁၆

ယခုနှစ် ပညာသင်နှစ် အတွက် ကျောင်းအပ်နှံရေး ရက်သတ္တပတ် ကို မေ ၂၅ ရက်မှ ၃၁ ရက်အထိ သတ်မှတ်ထားပြီး အခြေခံပညာ အထက်တန်း ကျောင်းများ၌ အခမဲ့ ပညာရေးကို ဖော်ဆောင်သည့် အနေဖြင့် ကျောင်းအပ်နှံ ရာတွင် ကျောင်းသားများ အား ကျောင်းတံဆိပ်၊ ရင်ထိုးတံဆိပ်၊ စာရေးကိရိယာ၊ ဗလာစာအုပ်များ ရောင်းချခြင်း၊ တံမြက်စည်း၊ သောက်ရေအိုး နှင့် သန့်ရှင်းရေးကြေး စသည့် ငွေကြေးများကို ကောက်ခံခြင်း မပြုရန် အခြေခံပညာ ဦးစီးဌာနက တိုင်းဒေသကြီး နှင့် ပြည်နယ် ပညာရေးမှူးရုံး များမှ တစ်ဆင့် ညွှန်ကြား ထားကြောင်း သိရသည်။

ထို့ပြင်၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် အခြေခံပညာ မူလတန်း ကျောင်းသား များကို ကျောင်းဝတ်စုံ တစ်စုံ၊ ဗလာစာအုပ် ခြောက်အုပ်၊ ကျောင်းသုံးပုံနှိပ် စာအုပ်တစ်စုံ၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသားများ
အတွက် ကျောင်းသုံး ပုံနှိပ်စာအုပ် တစ်စုံစီ ပေးအပ်ရန် စီစဉ် ထားကြောင်း သိရသည်။

ထို့နောက် အခြေခံပညာ ကျောင်းများတွင် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်နှံ ရာတွင် ယခင်နှစ်များ ကတည်းက ငွေကြေး ကောက်ခံမှု မပြုရန် ညွှန်ကြား ထားကြောင်းနှင့် ယခုနှစ်တွင် ငွေကြေး ကောက်ခံပါက အရေးယူ သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ပညာရေးမှူးရုံး မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဆုလာဘ်

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...