Social Icons

Pages

Friday, May 13, 2016

အခြေခံအဆင့်မြင့် နည်းပညာနှင့် သက်မွေးပညာသင် ဆရာ ဆရာမများ တစ်ဦးချင်းလစာကို ဘဏ်မှ ထုတ်ယူနိုင်ရေး ဆောင်ရွက်မည်


ရန်ကုန် ၊ ၁၃-၅-၂၀၁၆

ရက် ၁ဝဝ စီမံချက် အတွင်း အခြေခံ၊ အဆင့်မြင့်၊ နည်းပညာ နှင့် သက်မွေးပညာသင် ဆရာ၊ ဆရာမများ တစ်ဦးချင်း လစာကို အလွယ်တကူ ဘဏ်မှ ထုတ်ယူနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

''ချမှတ်ထားတဲ့ ၁ဝ ချက်ထဲက လက်ရှိ လုပ်ဆောင်နေတာ ကတော့ ပါရဂူဘွဲ့ သင်တန်းတွေကို တက္ကသိုလ် တွေမှာ ဆရာတွေ တက်ရောက်ခွင့် ရအောင် ဆောင်ရွက် ထားပြီး ဆရာ၊ ဆရာမတွေ လစာ အပြည့်အဝ ရရှိအောင် သက်ဆိုင်ရာ ဦးစီးဌာန အလိုက် ညွှန်ကြားချက်တွေ ထုတ်ပြန်ပြီး ဆောင်ရွက် ထားရှိပြီး ဖြစ်ပါတယ်။ ဘဏ်တွေကနေ အလွယ်တကူ ထုတ်နိုင်အောင် ချိတ်ဆက် ဆောင်ရွက် နေပါတယ် '' ဟု ပညာရေး ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိ တစ်ဦးက ပြောသည်။

ယင်းရက် ၁ဝဝ စီမံချက် အတွင်း ပညာရေး ပြုပြင် ပြောင်းလဲရေး လမ်းစဉ် ၁ဝ ခုကို ချမှတ်ထားကြောင်း သိရသည်။ ပညာရေး ဝန်ကြီးဌာနမှ သတ်မှတ်ထား သော လမ်းစဉ် ၁ဝ ခုမှာ ကျောင်းအပ်နှံ ရေး ရက်သတ္တပတ်၊ ကျောင်း ပတ်ဝန်းကျင် သန့်ရှင်းရေး နှင့် ဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ အခြေခံ၊ အဆင့်မြင့်၊ နည်းပညာနှင့် သက်မွေး ပညာသင် ဆရာ၊ ဆရာမများ လစာ အပြည့်အဝ ရရှိရေးနှင့် တစ်ဦးချင်း အလွယ်တကူ ဘဏ်မှ ထုတ်ယူနိုင်ရေး၊ ဝါရင့် ကထိကများ ပါရဂူဘွဲ့ သင်တန်း တက်ရောက် နိုင်ရေး အစီအစဉ်၊ ပါရဂူဘွဲ့ မရသေးသော ကထိကမှ တွဲဖက် ပါမောက္ခ၊ ပါရဂူဘွဲ့ မရသေးသော တွဲဖက် ပါမောက္ခမှ ပါမောက္ခ သို့ ရာထူးတိုး မှု သတ်မှတ်ချက် ဖြေလျှော့ရေး၊ နည်းပညာ နှင့် သက်မွေး ပညာရေးနှင့် သင်တန်း ဆိုင်ရာ လေ့လာ သုံးသပ်၍ စီမံကိန်းများ ချမှတ်ရေး၊ အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ နည်းပညာ နှင့် သက်မွေးပညာ ကဏ္ဍတို့တွင် ဆရာ၊ ဆရာမများ အတန်းဝင် ရောက် သင်ကြားမှု ကို စစ်ဆေး အကဲဖြတ်မှု၊ အမျိုးသား အဆင့် ပညာရေး မူဝါဒကော်မတီ၊ အမျိုးသား အဆင့် အရည်အသွေး အာမခံမှုနှင့် တရားဝင်  အသိအမှတ်ပြု ကော်မတီ၊ အမျိုးသား အဆင့် သင်ရိုးညွှန်းတမ်း ကော်မတီ တို့ကို ဖွဲ့စည်း ခြင်း၊ သဘော သဘာဝတူ၊ အမျိုးတူ တက္ကသိုလ် များ ပေါင်းစည်းခြင်း နှင့် Altemative ပညာရေး အတွက် ဆောင်ရွက်ခြင်း တို့ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...