Social Icons

Pages

Monday, May 2, 2016

ဧရာဝတီမြစ်ရေ ပြန်လည်ကျဆင်းချိန်တွင် ရေလမ်းညွှန် အမှတ်အသားများ ပျက်စီးမှုဖြစ်ပေါ်နိုင် သဖြင့် ရေယာဉ်များ ဂရုပြု မောင်းနှင်းကြရန်လိုအပ်



မန္တလေး ၊ ၂-၅-၂၀၁၆

ဧရာဝတီမြစ်ရေ မြင့်တက်လာပြီး ပြန်လည် ကျဆင်းချိန်တွင် ရေလမ်းညွှန် အမှတ်အသားများ ပျက်စီးမှုများ ဖြစ်ပေါ်နိုင် သဖြင့် ရေယာဉ်များ ဂရုပြု မောင်းနှင်ကြရန် လိုအပ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန(မန္တလေး)မှ သတိပေး ထားကြောင်း သိရသည်။

မိုးဦးကာလတွင် မြစ်ရေ တက်လာမှု အပေါ် မူတည်၍ ရေယာဉ်များ ရေလမ်း အန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရန် ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ လိုအပ်သော ရေလမ်းညွှန် အမှတ်အသား များကို ပြသထား သော်လည်း မြစ်ရေတက်ပြီး ပြန်အကျတွင် အမှတ်အသားများ ပျက်စီးနိုင် သဖြင့် ဂရုပြု မောင်းနှင်ရန် လိုအပ်ကြောင်း အသိပေးစာ များကို ဖြန့်ဝေ ထားသည်။

''မြစ်ရေပြန်ကျ သွားခဲ့ရင် သတ်မှတ်ထားတဲ့ ရေအမှတ် အထက် ၃ ပေလောက်သာ ကျန်နေတော့မှာ ဖြစ်တဲ့အတွက် ရေလမ်းညွှန် အမှတ်အသားတွေ ပျက်စီးနိုင်လို့ ရေယာဉ်တွေ အနေနဲ့ မောင်းနှင်တဲ့ နေရာမှာ ဂရုပြုဖို့ လိုပါတယ်'' ဟု မန္တလေးတိုင်း ဒေသကြီး ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန (မန္တလေး)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို့ပြင် ပုဂ္ဂလိကပိုင် ရေယာဉ်များနှင့် အစိုးရဌာန လက်အောက်ရှိ ရေယာဉ်များ အနေဖြင့် ရာသီဥတု ပြောင်းလဲမှုကြောင့် ရုတ်တရက် လေပြင်း တိုက်ခတ်မှုနှင့် မိုးမှောင် ကျမှုများ ဖြစ်ပေါ် လာသည့်အခါ အထူးဂရုပြုမောင်းနှင်ကြရန် နှင့် လေပြင်း တိုက်ခတ်စဉ် ရေယာဉ်များ လိုက်နာ ဆောင်ရွက် ရမည့် နည်းလမ်းအတိုင်း ဆောင်ရွက်ရန် သတိပေး ထားကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...