Social Icons

Pages

Monday, May 2, 2016

ဦးပိန်တံတား၏ ဆွေးမြည့်နေသော ရှေးဟောင်းကျွန်းတိုင်လုံး များကို အစားထိုးပြုပြင်နေပြီး မိုးမကျမီ အပြီးဆောင်ရွက်မည်



မန္တလေး ၊ ၂-၅-၂၀၁၆

မန္တလေးတိုင်း ဒေသကြီး အမရပူရ မြို့နယ် တောင်သမန်အင်း ရှိ ဦးပိန်တံတားမှ ဆွေးမြည့်နေသော ရှေးဟောင်း ကျွန်းတိုင်လုံး များကို ယမန်မန်နေ့က အစားထိုး ပြုပြင်နေပြီး မိုးမကျမီ အပြီးဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ) မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

လက်ရှိတွင် ဦးပိန်တံတား မှ ဆွေးမြည့် နေသည့် ရှေးဟောင်း ကျွန်းတိုင်လုံး ၆ဝဝ ကျော်ကို အစားထိုး ပြုပြင်လျက် ရှိပြီး အင်းလေးဒေသ မှ ပညာရှင် များဖြင့် အင်းလေးဒေသ ရိုးရာနည်း အတိုင်း ပြင်ဆင် နေကြောင်း သိရသည်။

ဦးပိန် တံတားကြီးသည် နှစ်ပေါင်း ၁၆ဝ ကျော် ရာသီဥတုဒဏ်နှင့် ရေဒဏ်တို့ကို ခံခဲ့ရမှုကြောင့် တံတားကြီး၏ တိုင်လုံးတချို့ ဆွေးမြည့် လာသဖြင့် တိုင်အစားထိုး လဲလှယ်ခြင်းနှင့် ကြမ်းခင်း အသစ်လဲခြင်းများ စတင် ဆောင်ရွက် နေပြီး မိုးမကျမီ အပြီး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသန နှင့် အမျိုးသား ပြတိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ) မှ သိရသည်။

အရှည် ပေ ၄ဝဝဝ နီးပါးရှိပြီး ကျွန်းတိုင်လုံး ပေါင်း ၁ဝ၈၆ တိုင်ဖြင့် တည်ဆောက် ထားသည့် ကမ္ဘာကျော် ရှေးဟောင်း ကျွန်းတိုင်လုံး တံတားတစ်ခု ဖြစ်သော ဦးပိန်တံတား သည် မန္တလေးမြို့၏ ပုံရိပ်တစ်ခု ဖြစ်ပြီး တံတား ပြုပြင်ရေး လုပ်ငန်း၌ အဓိက ဆောင်ရွက်မည့် ကျွန်းတိုင်လုံးများ အစားထိုး လဲလှယ်ရာတွင် ကျွန်းတိုင်လုံး များမှ တစ်ပါး တခြားသစ်မာ အမျိုးအစားကို ထည့်သွင်း အသုံးမပြုရေး နှင့် လဲလှယ်ပြီး တိုင်ဟောင်း များကို လေလွင့် ပျောက်ကွယ်ခြင်း များ မဖြစ်ပေါ် စေရေး စနစ်တကျ အလေးထား ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...