Social Icons

Pages

Monday, May 2, 2016

သွေးခဲဓာတ် ချို့ယွင်းမှုသုတေသန ပြုလုပ်ရန် ဓာတ်ခွဲခန်းသုံးပစ္စည်းများ မေလအတွင်း ရောက်ရှိမည်


ရန်ကုန် ၊ ၂-၅-၂၀၁၆

ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ သွေးမတိတ်  ရောဂါ ဝေဒနာရှင်များ အတွက် ကုသမှုများ ပြုလုပ်ပေးပြီး ယင်းကုသမှု များကို ပိုမို ထိရောက် စေရန်အတွက် သုတေသန ပြုလုပ်ရန် ဓာတ်ခွဲခန်းသုံး ပစ္စည်းများကို ပြည်ပမှမှာယူထားရာ ယင်း ပစ္စည်းများ မေလအတွင်း ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဗီဇဆိုင်ရာ ချို့ယွင်းမှု များကို စစ်ဆေးသည့် ဓာတ်ခွဲခန်းသုံး ပစ္စည်းများနှင့် စစ်ဆေးသည့် ပစ္စည်းများမှာ ဈေးနှုန်းကြီးမြင့် သည့်အပြင် ရှာဖွေရ သည်မှာလည်း ခက်ခဲ သည့်အတွက် မြန်မာ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ဆေးရုံများ၌ တပ်ဆင်လို သော်လည်း လတ်တလော တွင် မပြုလုပ် နိုင်သေးသည့် အတွက် ရန်ကုန် ပြည်သူ့ ဆေးရုံကြီး၌ ဦးစွာ တပ်ဆင်၍ အခမဲ့ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သွေးမတိတ် ရောဂါတွင် ယေဘုယျအားဖြင့် သွေးမတိတ် ရောဂါ(A) နှင့် (B) ဟူ၍ ခွဲခြားထားရာ သွေးခဲဓာတ် နံပါတ်ရှစ် (Factor VIII) လျော့နည်းခြင်း ကို သွေးမတိတ် ရောဂါ(A) အဖြစ် လည်းကောင်း၊ သွေးခဲဓာတ် နံပါတ်ကိုး (Factor IX) လျော့နည်းခြင်းကို သွေးမတိတ် ရောဂါ(B) အဖြစ် လည်းကောင်း သတ်မှတ် ထားကြောင်း သိရသည်။

နေနေ

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...