Social Icons

Pages

Tuesday, January 5, 2016

ဧရာဝတီမြစ်ရေတိုက်စားသဖြင့် စိုက်ပျိုးမြေများ ပျောက်ဆုံး၍ အလုပ်လက်မဲ့ဖြစ်မည်ကို တောင်သူအချို့ စိုးရိမ်မှုများရှိနေ



မြင်းခြံ ၊ ၅-၁-၂၀၁၆

ဧရာဝတီမြစ်ရိုး တစ်လျှောက်ရှိ ဒေသ အများစုတွင် မြစ်ရေ တိုက်စားခြင်းကြောင့် ကမ်းပါးများ ပြိုကျခြင်း၊ အဆောက်အအုံများ ရေတွင်မျောပါခြင်း စသည့် သဘာဝ ဘေးအန္တရာယ် များကို နှစ်စဉ်ကြုံတွေ့ ခံစားနေကြ ရသည်။

အဆိုပါ ဧရာဝတီမြစ်ရေ တိုက်စားမှု ဒဏ်ကို မြင်းခြံမြို့နယ် ဆီမီးခုံကျေးရွာ ဒေသခံများလည်း နှစ်စဉ်ကြုံတွေ့ နေကြသည်။ အထူးသဖြင့် ပုံစံ-၇ကျ (ဦးပိုင်ပေါက်) ပြီး လယ်ယာမြေများ၊ ရေတိုက်စား ရာတွင် ပါဝင် သွားခြင်းကြောင့် နှစ်ကာလ ကြာလာသည်နှင့် အမျှ စိုက်ပျိုးမြေ (ဦးပိုင်ပေါက်မြေ) များ ပျောက်ဆုံး၍ အလုပ်လက်မဲ့ ဖြစ်ကုန် ကြမည်ကို စိုးရိမ်နေကြ ရကြောင်း ဒေသခံတောင်သူ တစ်ဦးက ပြောပြသည်။

''ဆီမီးခုံကျေးရွာမှာ စိုက်ပျိုးရေး လုပ်ငန်းနဲ့ အသက်မွေးကြတဲ့ အိမ်ထောင်စု ဦးရေက ၄ဝဝ လောက်ရှိပါတယ်။ လက်ရှိ မြစ်ဘေးက ဦးပိုင်ပေါက် မြေတွေမှာ စိုက်ပျိုးနေကြတဲ့ တောင်သူ ငါးယောက်လောက်ရဲ့ မြေရှစ် ဧကလောက် ရေတိုက်စားတဲ့ထဲ ပါသွားပါတယ်။ မြစ်ဘေးမှာက ရေကျချိန် သီတင်းကျွတ်၊ တန်ဆောင်မုန်း လလောက်မှ စိုက်ကြပျိုးကြ ရတာ။ မြစ်ရေကျလို့ စိုက်မယ်လုပ်တော့ ကိုယ်ပိုင် လုပ်စားမြေက အပြည့်အဝ မရှိတော့ဘူး။ 

တချို့တောင်သူတွေက ကုန်းတွင်းပိုင်း မှာပါ မြေရှိတော့ စိုက်ပျိုးဖို့ အတွက် အဆင်ပြေကြ ပါသေးတယ်။ တောင်သူ ငါးယောက်လောက် ရဲ့ မြေတွေက ဆီမီးခုံ ရေနက်ဆိပ်ကမ်း စီမံကိန်း တည်ဆောက်ရာမှာ တချို့တစ်ဝက် ပါပြီး ကျန်မြေကို စိုက်ပျိုးနေကြရ ပါတယ်။ အခုကျန်တဲ့ မြေက ရေတိုက်စားတဲ့ အထဲမှာ တစ်နှစ်ထက် တစ်နှစ် တိုးတိုးပြီး ပါသွားနေတော့ လုပ်စားမြေ ပျောက်ပြီး အလုပ်လက်မဲ့ ဖြစ်ကုန်မှာကို စိုးရိမ် နေကြရပါတယ်။ 

တောင်သူတစ် ယောက်ရဲ့ အဓိက အရင်းအနှီးက မြေကြီးပါ။ မြေရှိမှသာ စိုက်ပျိုးရေး လုပ်ငန်းနဲ့ အသက်မွေး နိုင်ကြမှာပါ။ မနှစ်က ၂ ဒသမ ၂၇ ဧက လောက်ရှိတဲ့ ကျွန်တော်မြေက ရေတိုက်စားသွားလို့ ဒီနှစ် စိုက်ပျိုးချိန်မှာ ဧကဝက် လောက်သာ ကျန်တော့ နောက်နှစ် ရေတိုက်စားလို့ မြေထပ်ပါ သွားရင် စိုက်စရာမြေ မရှိတော့ပါဘူး။ တခြားလုပ်ငန်း ထူထောင်ထားတဲ့ တောင်သူ တစ်ယောက်အတွက် မြေမရှိတော့လို့ အဆင်ပြေနိုင် ပေမယ့် ဓားမဦးချ စိုက်ပျိုးရေး သက်သက်သာ လုပ်ကိုင်ကြတဲ့ တောင်သူ အတွက်ကတော့ မြေမရှိတော့ရင် စားဝတ်နေရေး အတွက် အတော်ခက်ခဲ နိုင်ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောပြ၍ သိရသည်။ (၁၇၈)

ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...