Social Icons

Pages

Thursday, June 15, 2017

ကျေးလက်ဒေသ မီးလင်းရေးစီမံကိန်းနှင့် ဒီဇယ်စက်ခေါင်းစက်ရုံ (ရွာထောင်) စီမံကိန်းတို့အတွက် သဘောတူစာချုပ် လက်မှတ်ရေးထိုး


ကျေးလက်ဒေသမီးလင်းရေး စီမံကိန်းနှင့် ဒီဇယ်စက်ခေါင်းစက်ရုံ (ရွာထောင်) စီမံကိန်းတို့ အတွက်သဘောတူစာချုပ် လက်မှတ်ရေးထိုးစဉ်။

နေပြည်တော် ၁၅-၆-၂၀၁၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဂျာမနီဖွံ့ဖြိုးရေးဘဏ် (KFW) တို့ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်မည့်ကျေးလက်ဒေသ မီးလင်းရေးစီမံကိန်းနှင့် ဒီဇယ်စက်ခေါင်းစက်ရုံ (ရွာထောင်) စီမံကိန်းတို့အတွက် ငွေရေးကြေးရေး သဘောတူညီချက်စာချုပ်၊ ချေးငွေသဘောတူညီချက် စာချုပ်နှင့် သီးခြားသဘောတူညီချက်များ လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ရုံးအမှတ် (၃၆) ၌ ကျင်းပသည်။

ရှေးဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်တို့က အမှာစကား ပြောကြား ကြသည်။

ထို့နောက် Federal Ministry for Economic Cooperation and Development(BMZ)မှ Parliamentary State Secretary, Mr.Thomas Silberhorn က နှုတ်ခွန်းဆက်စကား ပြောကြားပြီး ဂျာမနီဖွံ့ဖြိုးရေးဘဏ် (KfW)မှ Director of East Asia and Pacific, Dr. Christine Heimburger က စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်၊ Dr. Christine Heimburger နှင့် Mr. Lorenz Gessner တို့က ငွေရေးကြေးရေး သဘောတူညီချက် စာချုပ်ကို လည်း ကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊ Dr. Christine Heimburger နှင့် Mr. Lorenz Gessner  တို့က သီးခြား သဘောတူညီချက် စာချုပ်ကိုလည်းကောင်း၊ ငွေတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နွဲ့နွဲ့ဝင်းနှင့် Dr.Christine Heimburger နှင့် Mr. Lorenz Gessner တို့က ချေးငွေသဘောတူညီချက် စာချုပ်ကိုလည်းကောင်း၊ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး ဦးသူရိန်ဝင်း နှင့် Dr. Christine Heimburger နှင့် Mr. Lorenz Gessner တို့က သီးခြားသဘောတူညီချက် စာချုပ်ကို လည်းကောင်း အသီးသီးလက်မှတ် ရေးထိုးခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...