Social Icons

Pages

Friday, November 13, 2015

အလုပ်သမားလျော်ကြေး နှင့် ပတ်သက်၍ ပြင်ဆင်ထားသည့် ဥပဒေသစ်တွင် ထိခိုက်သေဆုံးမှုများ အတွက် လက်ရှိလျော်ကြေးထက် ပိုမိုတိုးမြှင့်ပေးထား



ရန်ကုန် ၊ ၁၃-၁၁-၂၀၁၅

အလုပ်သမား လျော်ကြေးနှင့် ပတ်သက်၍ ပြန်လည်ပြင်ဆင် ထားသည့် လျော်ကြေး ဥပဒေသစ်တွင် အလုပ်သမားများ ထိခိုက်၊ သေဆုံးမှုများ အတွက် လက်ရှိ လျော်ကြေးထက် ပိုမိုတိုးမြှင့် ပေးထားကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ သိရသည်။

အလုပ်သမားများ လုပ်ငန်းခွင် အတွင်း သေဆုံးမှု ဖြစ်ပွားပါက လျော်ကြေးငွေ တိုးမြှင့်ထားသည့် အပြင် ထိခိုက်ဒဏ်ရာ ရရှိသူများ အတွက်လည်း ရာခိုင်နှုန်း အလိုက် တိုးမြှင့် ပေးထားကြောင်း နှင့် ယင်းကဲ့သို့ တိုးမြှင့်ထားသည့် လျော်ကြေးငွေ ပမာဏအား ဥပဒေထွက်ရှိ မှသာ အသေးစိတ် သိရှိနိုင်မည် ဖြစ်ပြီး လက်ရှိတွင် ထုတ်ဖော် ပြောကြား၍ မရသေးကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခုပြန်လည် ပြင်ဆင်ဖြည့်စွက် ထားသည့် လျော်ကြေး ဥပဒေသစ် တွင် သေဆုံးသူများ အတွက် ခေတ်စနစ်နှင့် ကိုက်ညီသည့် နှုန်းထားကို တိုးမြှင့် ပေးထားခြင်း ဖြစ်ပြီး ထိခိုက်မှုများ အတွက် ဆရာဝန် ထောက်ခံချက်ပေါ် မူတည်၍ ရာခိုင်နှုန်း အလိုက် တိုးမြှင့်တွက်ချက် ပေးထားကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ သိရသည်။

လက်ရှိ ကျင့်သုံးနေသည့် လျော်ကြေး ဥပဒေသစ်တွင် အလုပ်သမား တစ်ဦး လုပ်ငန်းခွင်တွင် သေဆုံးပါက ကျပ်လေးသိန်းသာ ပေးလျော်ရပြီး ထိခိုက်ဒဏ်ရာ ရရှိမှု အတွက်လည်း ရာခိုင်နှုန်းဖြင့် တွက်ချက်ပါက လျော်ကြေး အနည်းငယ်သာ ရရှိနေသည်။

ယခုအခါ အဆိုပါ ဥပဒေသစ်အား မူကြမ်း ရေးဆွဲထားပြီး မကြာမီ လွှတ်တော်သို့ တင်ပြကာ အတည်ပြုချက် ရယူသွားမည် ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...