Social Icons

Pages

Tuesday, October 6, 2015

အိန္ဒိယ-မြန်မာ ဆက်ဆံရေး စာအုပ်မိတ်ဆက်ပွဲ ကျင်းပ



ရန်ကုန် ၊ ၆-၁၀-၂၀၁၅

နိုင်ငံခြားရေး ဝန်ကြီးဌာန မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေး အဖွဲ့နှင့် အိန္ဒိယသံရုံးတို့ ပူးပေါင်း၍ ယခင် မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး မစ္စတာ ရာဂျစ်ဘာသီရာ ရေးသား ပြုစုသည့် India- Myanmar Relations:Changing Contours ခေါင်းစဉ် ပါသည့် အိန္ဒိယ- မြန်မာ ဆက်ဆံရေး စာအုပ် မိတ်ဆက်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ ကျင်းပရာ ပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော် (မြန်မာ- အိန္ဒိယ ဆက်ဆံရေး အသင်းဥက္ကဋ္ဌ) တက်ရောက်သည်။

အဆိုပါ စာအုပ် မိတ်ဆက်ပွဲတွင် စာရေးသူ မစ္စတာ ရာဂျစ်ဘာသီရာ က အိန္ဒိယ- မြန်မာ ဆက်ဆံရေး စာအုပ်ကို ရေးသားရသည့် အဓိက ရည်ရွယ်ချက်မှာ နှစ်နိုင်ငံအကြား ဆက်ဆံရေး ပိုမိုအဓွန့်ရှည် တည်တံ့စေရန် နှင့် မြန်မာ -အိန္ဒိယရှိ လူငယ် မျိုးဆက်သစ်များ အနေဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး၏ အတိတ်၊ ပစ္စုပ္ပန် ၊ အနာဂတ်တို့ကို သိရှိစေရန် ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား ရှေးယခင် ကတည်းက ယခုတိုင် တည်ရှိခဲ့သည့် ဆက်ဆံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုတို့ကို သိရှိစေရန် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် စာအုပ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေး အဖွဲ့မှ အဖွဲ့ဝင်များ ဖြစ်သည့် သံအမတ်ကြီး ဦးဝင်းလွင်နှင့် ပါမောက္ခ ဒေါက်တာ ဒေါ်ကြည်ကြည်လှ တို့က သုံးသပ်ဆွေးနွေး ခဲ့ကြပြီး တက်ရောက်လာသူ များက သိရှိလိုသည် များကို မေးမြန်း ခဲ့ကြောင်း သိရသည်။ (ဇာနည်မောင်)

မြ၀တီနေ့စဉ် ၊ စာ(၂)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...