Social Icons

Pages

Tuesday, October 6, 2015

လှေစီးသွားလာသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၀၅ ဦးကို အောက်တိုဘာ ၁၂ ရက်တွင် ထပ်မံလွှဲပြောင်းမည်


နေပြည်တော် ၊ ၆-၁၀-၂၀၁၅

၂၀၁၅ ခုနှစ် မေလနှင့် ဇူလိုင်လ အတွင်း မြန်မာ့ တပ်မတော်(ရေ) က တွေ့ရှိ ကယ်ဆယ်ခဲ့သည့် လှေစီး သွားလာသူ များကို မူရင်းနေရပ်သို့ ပြန်လည် ပို့ဆောင်နိုင်ရေး အတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ညှိနှိုင်း ဆောင်ရွက်ခဲ့ရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား စုစုပေါင်း ၆၂၆ ဦးကို ငါးကြိမ်ခွဲ၍ ပြန်လည် ပို့ဆောင်ခဲ့ပြီး ဖြစ်သည်။

ရခိုင်ပြည်နယ် ၊ တောင်ပြို လက်ဝဲမြို့ တွင် ကျန်ရှိနေသည့် လှေစီး သွားလာသူများ အတွက် ဘင်္ဂလားဒေ့ရှ် ဘက်မှ စိစစ်၍ ပြန်လည် လက်ခံရန် အတည်ပြုပြီး ဖြစ်သည့် လှေစီး သွားလာသူ စုစုပေါင်း ၁၀၅ ဦးကို ထပ်မံလွှဲပြောင်း နိုင်ရန် နှစ်နိုင်ငံ ညှိနှိုင်း ဆောင်ရွက်ခဲ့ပြီး အဆိုပါ စိစစ်ပြီး လှေစီး သွားလာသူ များကို လာမည့် အောက်တိုဘာ ၁၂ ရက်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ လွှဲပြောင်း သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၄)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...