Social Icons

Pages

Monday, August 17, 2015

ရန်ကုန်မြို့ပတ် လမ်းပိုင်းတွင် RBE နှင့် RBT ရထားတွဲဆိုင်းသစ်များ အစားထိုး ပြေးဆွဲ



ရန်ကုန် ၊ ၁၇-၈-၂ဝ၁၅

ရန်ကုန်မြို့ပတ် ရထားစီး ခရီးသည်များ အဆင့်မြင့် လုံခြုံ ခေတ်မီစွာ စီးနင်းနိုင်ရန် အဲကွန်း RBE ရထားတွဲဆိုင်း နှစ်ဆိုင်းနှင့် RBT ရထားတွဲဆိုင်းသစ် တစ်ဆိုင်း အစားထိုးစတင် ပြေးဆွဲသည့် အခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီတွင် ရန်ကုန် ဘူတာကြီး၌ ကျင်းပသည်။

ရထားပြေးဆွဲခြင်း အထိမ်းအမှတ် အဖြစ် ပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဉာဏ်ထွန်းအောင် နှင့်အဖွဲ့က RBE နှင့် RBT ရထားတွဲဆိုင်း သစ်များကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာ အမွှေးနံ့သာများ ပက်ဖျန်း ပေးကြသည်။ ထို့နောက် မြို့ပတ်ရထား လမ်းပိုင်းတွင် လိုက်ပါစီးနင်းမည့် ခရီးသည်များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက် ကြသည်။

ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်း တွင် ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၅ ရက်တွင် ပထမတွဲဆိုင်း၊ ၂ဝ၁၄ ခုနှစ် သြဂုတ် ၁၆ ရက်တွင် ဒုတိယ တွဲဆိုင်းနှင့် သြဂုတ် ၂၄ ရက်တွင် တတိယ တွဲဆိုင်း၊၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် စတုတ္ထ တွဲဆိုင်းနှင့် ၂ဝ၁၅ ခုနှစ် ဇူလိုင် ၅ ရက်တွင် ပဉ္စမတွဲဆိုင်း အဖြစ် ဖွင့်လှစ်ခဲ့ပြီး ယမန်နေ့တွင် ဆဋ္ဌမ တွဲဆိုင်းနှင့် သတ္တမတွဲဆိုင်း တို့ဖြင့် အစားထိုး ပြေးဆွဲပေးခြင်း ဖြစ်သည်။ ရထားစီး ခရီးသည် ထိုင်စီး ၃၉၂ ဦး၊ ရပ်စီး ၂၁ဝ ဦး စုစုပေါင်း ၆ဝ၂ ဦး လိုက်ပါ စီးနင်းနိုင်သည်။

ယခု RBE တွဲဆိုင်းများတွင် ယခင်''ဆ'' ''ဂ'' တွဲဆိုင်း ခရီးစဉ်အတိုင်း ပြေးဆွဲသွားမည် ဖြစ်သည်။ RBE တွဲ လက်မှတ်ခမှာ ကျပ် ၃ဝဝ ဖြစ်သည်။ RBT ရထား တွဲဆိုင်းကို ''မ''တွဲဆိုင်း နေရာတွင် အစားထိုး ပြေးဆွဲသွားမည် ဖြစ်ပြီး လက်မှတ်ခမှာ မူလအတိုင်း ၅ဝ၊ ၁ဝဝ ကျပ်နှင့် ၂ဝဝ ကျပ်ဖြစ်ပြီး ယခင် ခရီးစဉ်အတိုင်း ပြေးဆွဲ ပေးမည် ဖြစ်သည်။ RBE တစ်စီးချင်း၏ တန်ဖိုးမှာ ဂျပန်ယန်းငွေ ၁ဝ၂ဝဝဝဝဝ ဖြစ်သည်။

ရန်ကုန်မြို့၏ ယာဉ်ကြော ပိတ်ဆို့မှုကို အတိုင်းအတာ တစ်ခုအထိ ကူညီဖြေရှင်း နိုင်မည့် မြန်မာ့ မီးရထား မြို့ပတ်ရထား ပြေးဆွဲမှု အစီအစဉ်တွင် မြို့ပတ် ဆင်ခြေဖုံး၊ ကမ်းနားလမ်း ရထားတွဲဆိုင်း များတွင် စုစုပေါင်း တွဲဆိုင်း ၂၄ ဆိုင်း၊ ခေါက်ရေ ၂၂၅ ခေါက် ပြေးဆွဲလျက် ရှိပြီး နေ့စဉ်ခ ရီးသည် ခုနစ်သောင်းခန့် ရှိကာ တစ်နိုင်ငံလုံး၏ နေ့စဉ် ရထားစီး ခရီးသည် ပမာဏ တစ်ဝက်ခန့် ရှိသည်။ ဂျပန်နိုင်ငံမှ ဝယ်ယူထားသည့် အဲကွန်း RBE စက်ခေါင်း ၃၂ တွဲမှာ ၂ဝ၁၅ ခုနှစ် မေ ၁၂ ရက်က စတင်ရောက်ရှိ ခဲ့သည့် တွဲဆိုင်းများ ဖြစ်သည်။

မြ၀တီနေ့စဉ် ၊ စာ(၁)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...