Social Icons

Pages

Wednesday, August 12, 2015

PPA ပါဝင်မှု 150 mg ထက်မပိုသည့် ဖျားနာပျောက်ဆေးများ ဘေးထွက်ဆိုးကျိုး မရှိနိုင်


ရန်ကုန် ၊ ၁၂-၈-၂၀၁၅

ဖျားနာပျောက်ဆေး များတွင် PPA (Phenylpropanolaminet) ပါဝင်မှု ပမာဏသည် 150 mg အောက် ရှိနေပါက ဘေးထွက် ဆိုးကျိုးများ မရှိနိုင်ကြောင်း အထွေထွေ ရောဂါကု ဆရာဝန်ကြီး ဒေါက်တာ မြင့်သိန်း ၏ ပြောပြချက် အရ သိရသည်။

နှာစေး၊ ချောင်းဆိုးနှင့် အဖျား ပျောက်ဆေးများတွင် ဆေးဝါး ဖော်စပ်မှု နည်းစနစ်များအရ PPA ဟုခေါ်သည့် ဖီနိုပရိုပါနော်လမင်း ကို အသုံးပြု၍ ဖော်စပ်လေ့ ရှိပြီး ပြည်တွင်း ဈေးကွက်အတွင်း၌ တင်သွင်း ရောင်းချခြင်းများ ရှိနေခဲ့သည်။ ထိုသို့ PPA မော်လီကျူးကို ယင်း ဆေးဝါးများတွင် ထည့်သွင်း ဖော်စပ်ခြင်းမှာ ရောဂါ အလျင်အမြန် ပျောက်ကင်း သက်သာ စေရန်ဖြစ်ပြီး ဖော်စပ်နည်း ကွာဟချက်များ အရ ဆေးဝါးတိုင်းတွင် ပါဝင်မှု မရှိကြောင်း သိရသည်။

''တစ်နေ့က ဆေးခန်းကို လာပြတဲ့ လူနာက ဆရာပေးတဲ့ ဆေးက PPA ပါတဲ့ ဆေးလားလို့ မေးတယ်။ ဆေးကုမ္ပဏီ တစ်ခုက ကြော်ငြာနေတာ PPA ပါရင် အန္တရာယ် ဖြစ်နိုင်တယ် လို့ဆိုပြီး လူနာတွေ ယူဆထားပုံ ရပါတယ်။တကယ်တော့ PPA ပါဝင်မှု ပမာဏပေါ် မူတည်ပြီးတော့ ဘေးထွက်ဆိုးကျိုး ရှိနိုင်တာပါ။ PPA ပါတိုင်း အန္တရာယ်ရှိတာ မဟုတ်ဘူး။ ဒါကို သိစေချင် ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

ယခုကာလတွင် မိုးရွာသွန်းမှု များကြောင့် ဖျားနာသူများ ရှိနေပြီး ပုဂ္ဂလိက ဆေးခန်းများ၌ လာရောက် ပြသသူများလည်း ရှိသကဲ့သို့ ပြင်ပ ဆေးဆိုင်များ၌ ဆေးဝယ်ယူ သောက်သုံးသူ များလည်းရှိကာ PPA မပါသော ဆေးကို ရွေးချယ် ဝယ်ယူမှုများ ရှိလာကြောင်း သိရသည်။

''PPA ပါဝင်မှု 150 mg ကျော်ရင်တော့ ဘေးထွက်ဆိုးကျိုး ရှိတာပေါ့။ အခု ဈေးကွက်ထဲက ဆေးဝါး တော်တော်များများ မှာ 25 mg လောက်ဆိုတာ သိပ်ပြီးတော့ မပြောပလောက် ပါဘူး။ အရေးကြီး တာက ဖျားတာ၊ နာတာ၊ နှာစေး၊ ချောင်းဆိုး တာတွေကို လမ်းဘေး ကွမ်းယာဆိုင်နဲ့ ဆေးဆိုင်တွေမှာ ဆေးစပ်ခိုင်း တာထက် ဆေးခန်းကို လာပြီး ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ စစ်ဆေးကုသ မှုတွေ လုပ်သင့်ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

PPA ပါဝင်မှု ပမာဏများ ပါက လေဖြတ်ခြင်း၊ အာရုံကြောများ ထိခိုက်စေခြင်း၊ မှတ်ဉာဏ် ချို့ယွင်းခြင်းနှင့် ဦးနှောက်နှင့် ဆိုင်သည့် ရောဂါများ ဖြစ်စေတတ်ကြောင်း သိရသည်။

ထက်ခိုင် (စမ်းချောင်း)

မြဝတီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...