ရန်ကုန် ၊ ၁၂-၈-၂ဝ၁၅
မြန်မာနိုင်ငံ၏ စီးပွားရေး ကဏ္ဍတွင် အရေးပါ လာသော ပြည်တွင်းပြည်ပ ဘဏ်လုပ်ငန်း များနှင့် ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများကို ပြည်တွင်းရှိ လုပ်ငန်းရှင် များနှင့် ပြည်သူများ ပိုမိုသိရှိ နားလည်လာ စေရန်နှင့် ထို ဝန်ဆောင်မှု လုပ်ငန်းများကို တွင်ကျယ်စွာ အသုံးချ တတ်လာစေရန် ရည်ရွယ်ချက် များဖြင့် MONEY EXPO 2015 ပြပွဲကို ယခုလ အတွင်း ရန်ကုန်မြို့၌ ကျင်းပရန် စီစဉ် ထားကြောင်း သိရသည်။
အဆိုပါ MONEY EXPO 2015 ပြပွဲကို ရန်ကုန်မြို့ရှိ တပ်မတော် ခန်းမ၌ သြဂုတ် ၂ဝ ရက်မှ ၂၃ ရက်အထိ လေးရက်ကြာ ကျင်းပရန် စီစဉ်ထားခြင်း ဖြစ်ပြီး ပြပွဲ အခမ်းအနား ပြင်ဆင်ခြင်းများ အတွက် Myanmar Promotional Services (MPS) Co.,Ltd. မှ ကြီးမှူးစီစဉ် ဆောင်ရွက်လျက် ရှိသည်။ ပြပွဲ ဖြစ်မြောက်ရေး အတွက် သမဝါယမဘဏ် လီမိတက်မှ Main Sponsor အဖြစ် အဓိက ပံ့ပိုးကူညီကာ Co-sponsor အဖြစ် ပြည်တွင်းရှိ တခြားသော စီးပွားရေး လုပ်ငန်းတချို့မှ ကူညီ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ပြပွဲတွင် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ ဖြစ်သော Mobile Banking ၊ iBanking ၊ Credit Card ၊ Debit Card ၊ Automatic Teller Machine (ATM) ၊ Banking Software ၊ Banking Electronic Security ၊ Insurance နှင့် Stock Exchange စသည်တို့ကို ပါဝင်ပြသမည့် ပြည်တွင်းမှ ဘဏ်လုပ်ငန်း များနှင့် ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများက ရှင်းလင်းပြသ ကြမည် ဖြစ်ကြောင်း သိရသည်။
ဆောင်းဦး
မြဝတီနေ့စဉ် ၊ စာ(၆)
#Themyawadydaily
No comments:
Post a Comment