Social Icons

Pages

Wednesday, August 12, 2015

တရုတ်-မြန်မာ သံတမန် ထူထောင်မှု (၆၅)နှစ်မြောက် အထိမ်းအမှတ် အဖြစ် ၂၀၁၅ ခုနှစ် မြန်မာစာအုပ် ပွဲတော်ကျင်းပမည်


မန္တလေး ၊ ၁၂-၈-၂၀၁၅

မန္တလေးမြို့တွင် ကျင်းပပြု လုပ်မည့် တရုတ်- မြန်မာ သံတမန် ထူထောင်မှု (၆၅) နှစ်မြောက် အထိမ်းအမှတ် အဖြစ် ၂ဝ၁၅ ခုနှစ်၊ မြန်မာ စာအုပ်ပွဲတော် ကျင်းပရေး ညှိနှိုင်း အစည်းအဝေး ကို ၈၆လမ်း၊ ၂၁-၂၂ လမ်းကြားရှိ ပြန်ကြားရေး နှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးရုံး တွင် ယမန်နေ့ မွန်းလွဲ နှစ်နာရီက ကျင်းပ ပြုလုပ်သည်။

ညှိနှိုင်း အစည်းအဝေးတွင် မန္တလေးမြို့ ရှင်းကျီး စာအုပ်တိုက်မှ စာအုပ်များကို တရုတ်- မြန်မာ နှစ်ဘာသာဖြင့် ခင်းကျင်း ပြသသွားမည် ဖြစ်ကြောင်း၊ ပြခန်းပေါင်း ၂၂ ခန်းဖြင့် ပြသသွားမည် ဖြစ်ကြောင်း၊ ဓာတ်ပုံပြခန်း နှစ်ခန်း၊ မန္တလေးရှိ စာအုပ်တိုက် များမှ လေးခန်းပြသသွားမည် ဖြစ်ကြောင်း ဆွေးနွေး ကြသည်။

တရုတ်- မြန်မာ သံတမန် ထူထောင်မှု (၆၅)နှစ်မြောက် အထိမ်းအမှတ် အဖြစ် ၂ဝ၁၅ ခုနှစ် မြန်မာစာအုပ် ပြပွဲကို မန္တလေး မြို့တော်ခန်းမ တွင် သြဂုတ် ၂၂ ရက်မှ ၂၄ ရက်အထိ သုံးရက်ကြာ ကျင်းပပြုလုပ် သွားမည် ဖြစ်သည်။

အဆိုပါပွဲတော် ကျင်းပနိုင်ရေး ညှိနှိုင်း အစည်းအဝေးသို့ ရှင်းကျီး စာအုပ်တိုက် မှ တာဝန်ခံများ၊ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီး ဦးစီးမှူး၊ မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ်မှ တာဝန်ရှိသူများ၊ အထက် မြန်မာပြည် ဓာတ်ပုံ အသင်းမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ မန္တလေးဓာတ်ပုံ အသင်းမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေသူများ အသင်းမှ တာဝန်ရှိသူ များ၊ ထိပ်တန်း ပုံနှိပ်တိုက်၊  လူထုပုံနှိပ်တိုက်၊  ထွန်းဦး စာပေတိုက်များမှ တာဝန်ရှိသူများ တက်ရောက် ကြကြောင်း သိရသည်။

ကျော်ဇင် (မုံရွာ)

ရတနာပုံနေ့စဉ် ၊ စာ(၅)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...