Social Icons

Pages

Monday, July 27, 2015

ပြည်တွင်းငါးဖမ်းသင်္ဘော များ၌ ဂြိုဟ်တုစောင့်ကြည့် စနစ်စက်များ တပ်ဆင်သင့်



ရန်ကုန် ၊ ၂၇-၇-၂၀၁၅

မြန်မာ့ပင်လယ် ရေပိုင်နက် အတွင်း၌ တရားမဝင် ငါးဖမ်း သင်္ဘောများကို အလွယ်တကူ ဖမ်းဆီးနိုင်ရန် ငါးလုပ်ငန်း ဦးစီးဌာန၌ တရားဝင် မှတ်ပုံတင် ထားသော ငါးဖမ်းသင်္ဘော များအနေဖြင့် ဂြိုဟ်တု စောင့်ကြည့် စနစ်စက်များ တပ်ဆင် ထားရှိသင့်ကြောင်း ဂြိုဟ်တု စောင့်ကြည့် စနစ်သုံး၊ ဂျပန်-မြန်မာ ဖက်စပ် ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

''ပြည်တွင်း ငါးဖမ်းသင်္ဘော တွေအနေနဲ့ ဂြိုဟ်တု စောင့်ကြည့် စနစ်စက် တပ်ဆင် ထားမယ်ဆိုရင် ကိုယ့်သင်္ဘော၊ သူ့သင်္ဘော ခွဲခြားနိုင်မယ်။ ၂ဝ၁၆ ခုနှစ်မှာ ကျွန်တော်တို့ရဲ့ဖက်စပ်ကုမ္ပဏီ ကနေ ဂြိုဟ်တု ၂၇ လုံး တပ်ဆင်မယ်။ အဲဒီစနစ်ကို အသုံးပြု ထားရင် ကိုယ့်သင်္ဘောကို သုံးလေးမိနစ်ကို တစ်ခါလောက် ပြန်ကြည့်လို့ ရနိုင်မှာပါ'' ဟု ၄င်းက ပြောသည်။

ပင်လယ်ပြင် စိုးမိုးမှုကို စောင့်ကြည့် မှတ်တမ်းယူသည့် စနစ်အား မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တပ်ဆင် လုပ်ဆောင် စောင့်ကြည့် ထားနိုင်ပြီ ဖြစ်သော်လည်း ငါးဖမ်းသင်္ဘော အားလုံး၌ တပ်ဆင်ထား နိုင်ခြင်း မရှိသေးသည့် အတွက် တရားမဝင် ငါးဖမ်းသင်္ဘော များကို ဖမ်းဆီးနိုင်ရေး မှာလည်း အကန့်အသတ် တစ်ခုအဖြစ် ရှိနေကြောင်း သိရသည်။

ကမ္ဘာ့ရေကြောင်း ဆိုင်ရာ သတ်မှတ်ချက် များအရ နိုင်ငံတကာနှင့် ချိတ်ဆက်မှု ရှိသော တန်ချိန် ၃ဝဝဝ ကျော်ရှိသည့် သင်္ဘောများ၌ ဂြိုဟ်တု စောင့်ကြည့် စနစ်စက် (AIS) ကို မဖြစ်မနေ တပ်ဆင်ပေး ရမည် ဖြစ်ကြောင်း နှင့် မြန်မာနိုင်ငံ၏ ဂြိုဟ်တု စောင့်ကြည့်ရေး စနစ်စက် အတွက်ကိုလည်း ကနေဒါ အခြေစိုက် EarthEarth ဂြိုဟ်တု ကုမ္ပဏီမှ စီစဉ် ဆောင်ရွက်ပေး နေခြင်း ဖြစ်ကြောင်း သိရသည်။

ချမ်းချမ်းကို

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...