Social Icons

Pages

Tuesday, July 7, 2015

ပါဠိဘာသာဖြင့် ရေးထိုးထားသော ကုသိုလ်တော် ကျောက်စာများကို ကမ္ဘာအနှံ့မှ လေ့လာဖတ်ရှုနိုင်ရန် Roman အက္ခရာ ပြန်ဆိုရန်စီစဉ်



မန္တလေး ၊ ၇-၇-၂၀၁၅

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့(UNESCO) မှ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် မင်းတုန်းမင်း ၏ ကောင်းမှုတော် ပါဠိဘာသာ ကျောက်စာချပ် ၇၂၉ ချပ်ကို ကမ္ဘာအနှံ့မှ စိတ်ပါဝင်စား သူများ ဖတ်ရှုလေ့လာ နိုင်ရန် Roman အက္ခရာ ( To Transcribe from Myanmar Script to Roman Script ) သို့ ပြန်ဆိုရန် နှင့် ကျောက်စာများ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရေး အတွက် သိပ္ပံနည်းကျ ထိန်းသိမ်းမှု များကို ယမန်နေ့တွင် စတင် လုပ်ဆောင်လျက် ရှိကြောင်း ရှေးဟောင် သုတေသန ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပိဋကတ်သုံးပုံကို ကမ္ဘာအနှံ့မှ သိရှိနိုင်ရန်နှင့် ပြုပြင် ထိန်းသိမ်းမှု လုပ်ငန်းများကို မန္တလေးမြို့တွင် ရောက်ရှိနေသော သြစတြီးယား နိုင်ငံ ဆစ်ဒနီ တက္ကသိုလ်မှ သက္ကတဗေဒ ပညာရှင် Dr. Mark ဦးဆောင်သော အဖွဲ့ဝင်များက ပြုပြင် ထိန်းသိမ်းနည်း များအတွက် ပညာပေး လုပ်ငန်းများကို လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

''ကမ္ဘာမှာ ပထမဆုံး တွေ့ရတဲ့ Idea ဖြစ်တဲ့အတွက် သမိုင်းတန်ဖိုး မြင့်မားပါတယ်။ ဒါကြောင့် လူထုကလဲ ထိန်းသိမ်းတဲ့ နေရာမှာ အသိစိတ်ဓာတ်နဲ့ ပါဝင်ဖို့ လိုပါတယ်'' ဟု ရှေးဟောင်း သုတေသန ဌာနမှ Dr. Mark ၏ မှတ်ချက်ကို ရှင်းလင်း ပြောကြားသည်။

ထိန်းသိမ်းမှု လုပ်ငန်း ပရောဂျက်ကို ခုနှစ် သတ်မှတ်ထားပြီး ၂ဝ၁၄ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်အထိ ကြာမြင့် နိုင်ကြောင်း သိရသည်။ ၄င်း ပရောဂျက် အတွက် ဂျပန်နိုင်ငံမှ ရန်ပုံငွေ လှူဒါန်းထားခြင်း ဖြစ်ပြီး လတ်တလောတွင် ကျောက်စာများ သန့်ရှင်းရေး လုပ်ငန်း ဆောင်ရွက်ခြင်း အပါအဝင် ပြုပြင် ထိန်းသိမ်းမှုများ စတင်လုပ်ဆောင် နေပြီဖြစ်ကြောင်း သိရသည်။

''သူတို့က ထိန်းသိမ်းဖို့ နည်းစနစ်တွေကို နှစ်ပတ်ကြာ သင်ကြား ပေးမယ်။ ဒါပေမဲ့ ဒီကလူတွေ ဆက်လုပ်ရမယ်။ သူတို့လဲ မကြာခဏ ပြန်လာမယ်'' ဟု တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောပြသည်။ ကျောက်စာချပ် များသည် နှစ်ပေါင်း ၁၅ဝ ဝန်းကျင်သို့ ရောက်ရှိလာပြီး မိုးရေ၊ လေနှင့် နေပူဒဏ် များကြောင့် ပျက်စီး ယိုယွင်းမှုများ ဖြစ်ပေါ် နေကြောင်း သိရသည်။ ပြုပြင် ထိန်းသိမ်းစ ကာလများတွင် ပညာရှင်များ၏ အယူအဆများ ပါဝင်ခြင်း မရှိခဲ့ဘဲ ယေဘုယျ ထိန်းသိမ်းမှု များသာ လုပ်ဆောင်ခဲ့ရ သဖြင့် ပျက်စီးနိုင်ခြေ ပိုများရခြင်း ဖြစ်ကြောင်း သိရသည်။

အထက်ပါ သြစတြီးယားမှ ပညာရှင်များသည် အရှေ့အလယ်ပိုင်း ဒေသနှင့် အီဂျစ်ဒေသရှိ ရှေးဟောင်း ကျောက်စာချပ် များကို ထိန်းသိမ်းမှု လုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီး အဖွဲ့တွင် သက္ကတ ဘာသာရပ် ဆိုင်ရာ ပညာရှင်က ပါဠိဘာသာ ရေးထိုးမှု ဒီဇိုင်းများေ လ့လာခြင်းနှင့် ကျောက်စာချပ် များတွင် သက်ရောက်သော ဆိုးကျိုးများကို လေ့လာသည့် ပညာရှင်များ ပါဝင်ကြောင်း သိရသည်။ (၁၇၂)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...