Social Icons

Pages

Friday, May 11, 2018

မိုင်းလုံးရပ်ကွက်ရှိ ဝါဆိုဘုန်းတော်ကြီး ကျောင်းတိုက်တွင် ဘုရားဆောင်ပေါ် ဖယောင်းတိုင် မီးပူဇော်ရာမှ မီးလောင်မှုဖြစ်ပွား



လွိုင်ကော် ၁၁-၅-၂ဝ၁၈

ကယားပြည်နယ် လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်ရှိ ဝါဆိုဘုန်းတော်ကြီး ကျောင်းတိုက်တွင် ယနေ့နံနက် ဝဝနာရီ မိနစ်၃ဝက သစ်သား ဘုရားဆောင်ပေါ် ဖယောင်းတိုင်မီးတင်၍ ထွန်းညှိပြီး မီးပူဇော်ရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သစ်သားဘုရား ဆောင်ပေါ်မီးပူဇော်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ရာ ဘုန်းတော်ကြီးကျောင်းပေ (၈ဝ×၆ဝ)၊ သွပ်မိုး၊ ပျဉ်ကာ၊ပျဉ်ခင်း နှစ်ထပ်ကျောင်းဆောင် မီးလောင်မှု Level-2 အဆင့်မီးလောင် ကျွမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပွားရာသို့ ကယားပြည်နယ် မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ဇော်၊ ဦးစီးသန္ဓေတပ်ဖွဲ့ဝင် ၄၇ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ဦးရေ ၇ဝ၊မီးငြှိမ်းသတ်ယာဉ် ၁၄ စီး၊ ရေသယ်ယာဉ် လေးစီး၊ အုပ်ချုပ်မှုယာဉ်တစ်စီးတို့ဖြင့် မိုင်းလုံးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြငြိမ်းနှင့် ရပ်ကွက်နေပြည်သူတို့က ဝိုင်းဝန်း၍ ငြှိမ်းသတ်ခဲ့ရာ နံနက် ၁နာရီတွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၁နာရီ မိနစ်၃ဝတွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ပညိန္ဒသီရိ (ခန္ဓာကိုယ် အောက်ပိုင်းလေဖျန်း၍ လမ်းမလျှောက်နိုင်) သည် မီးလောင်ကျွမ်း၍ ပျံလွန်တော်မူခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ငွေကျပ်သိန်း ၆ဝခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ လွိုင်ကော်မြို့မရဲစခန်းက (ပ)၇၈/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...