Social Icons

Pages

Tuesday, July 7, 2015

ကမ္ဘာကြီး ပူနွေးလာမှုကို လျော့ကျအောင် မဆောင်ရွက်နိုင်ပါက မြောက်ဝင်ရိုးစွန်းမှ ပိုလာဝက်ဝံများ မျိုးသုန်းဖွယ်ရှိ



ဝါရှင်တန် ၊ ၇-၇-၂၀၁၅

အကယ်၍သာ လူသားများက ကမ္ဘာကြီး ပူနွေးလာမှုကို လျော့ကျ သွားရန် လုပ်ကိုင် ဆောင်ရွက်ခြင်း မရှိပါက ကမ္ဘာ့ မြောက်ဝန်ရိုးစွန်း တွင် နေထိုင်ကြသော ပိုလာဝက်ဝံ ကြီးများ မျိုးသုဉ်းသွားဖွယ် ရှိနေကြောင်း အမေရိကန် အစိုးရက ထုတ်ပြန်သော သတင်းတွင် ရှင်းလင်းစွာ ဖော်ပြထား ရှိသည်။

အမေရိကန် အစိုးရ ငါးနှင့် တောရိုင်း တိရစ္ဆာန် စောင့်ရှောက်ရေး အဖွဲ့ကြီးက ပိုလာ ဝက်ဝံကြီးများ ပြန်လည် ပြုစုပျိုးထောင် ပေးရေး ရှေ့ပြေး လုပ်ငန်း အစီရင်ခံစာတွင် အရေးကြီး ဆုံးနှင့် ပထမဆုံး လုပ်ကိုင် ပေးရမည့် လုပ်ငန်းမှာ အာတိတ် ဒေသကြီး ပူနွေးလာခြင်းကို ထိရောက်သော အရေးယူမှုသာ ဖြစ်ကြောင်း တင်ပြ ထားရှိသည်။

ပိုလာ ဝက်ဝံကြီးများ အတွက် ရေခဲတုံးကြီးများ လျော့နည်း လာခြင်းသည် သေရေး၊ ရှင်ရေးကိစ္စရပ် ဖြစ်လာ၍ လူသားတို့က လုပ်ကိုင်ပေးရန် လိုအပ် လာကြောင်း ရှင်းလင်း ဖော်ပြ ထားရှိသည်။

''ပိုလာ ဝက်ဝံတွေက ဒီရေခဲတုံးကြီး တွေပေါ်မှာပဲ စားကြ သောက်ကြ၊ ဒီရေခဲတုံးကြီး တွေပေါ်မှာပဲ သား၊ သမီးတွေကို မွေးဖွားကြ ဆိုတော့ ပိုလာဝက်ဝံ တွေနဲ့ ရေခဲတုံးတွေဟာ မိတ်ဆွေဖက် ပစ္စည်းတွေ ဖြစ်နေပြီး တကယ့်ကို အရေးပါတဲ့ ရေခဲတုံးကြီး တွေပါ။ ဒီနေ့ ကမ္ဘာကြီး ပူနွေးလာလို့ ရေခဲတုံးကြီးတွေ အရည်ပျော် ကုန်ကြတယ်။ ရေခဲတွေ မရှိရင် ပိုလာ ဝက်ဝံတွေလဲ ပျောက်ကွယ် သွားနိုင်ပါတယ်'' ဟု အစီရင်ခံစာ တွင် သတိပေး ထားရှိသည်။

သို့ဖြစ်၍ တစ်ကမ္ဘာလုံးက ဝိုင်းဝန်း၍ ပိုလာ ဝက်ဝံကြီးများ အသက်ရှင်ရေး အတွက် ကူညီကြရန် အချိန်ကျရောက် လာပြီဖြစ်ကြောင်း အမေရိကန် အစိုးရ ငါးနှင့် တောရိုင်း တိရစ္ဆာန်များ စောင့်ရှောက်ရေး အဖွဲ့ကြီးက တိုက်တွန်း ရေးသား ဖော်ပြ ထားရှိသည်ဟု သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...