Social Icons

Pages

Thursday, April 9, 2015

တရားမ၀င် သစ်တင်ယာဉ်များနှင့် သစ်များ သိမ်းဆည်းရမိ


ပိုင်ရှင်မဲ့ သိမ်းဆည်းရမိသော တရားမ၀င် သစ်များကို တွေ့ရစဉ်

နေပြည်တော် ၊ ၉-၄-၂၀၁၅

ကချင်ပြည်နယ်၊ မဘိန်းမြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းများ က နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်စဉ် ဧပြီ ၂ ရက်နှင့် ၃ ရက်တွင် တရားမဝင် ကျွန်းသစ်ခွဲသား ဆိုဒ်စုံ ခန့်မှန်း ၇၄၂ ဒသမ ဝ၂၁၆ တန်၊ ပိတောက် သစ်လုံး ၂၁၈ ဒသမ ၇၉၉၂ တန်၊ တမလန်း သစ်လုံး ၆ဝ ဒသမ ၃ဝဝ၄ တန် ၊ အင်ကြင်းသစ် ၂ ဒသမ ဝ၆၆ တန် စုစုပေါင်း ၁ဝ၂၃ ဒသမ ၁၈၇၂ တန်ခန့်နှင့် တရားမဝင် သစ်ထုတ်လုပ် ရာတွင် အသုံးပြုသည့် ချိန်းဆော ၁၄ ခုတို့ကို ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိသည်။

ထို့အတူ မံစီမြို့နယ် အတွင်း တပ်မတော် စစ်ကြောင်း များက နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်စဉ် ဧပြီ ၇ ရက်တွင် ကျွန်းသစ်ခွဲသား ဆိုဒ်စုံ ၁၂၆၇ ချောင်း ခန့်မှန်း ၁၄ တန်၊ ကျွန်းသစ်လုံး ဆိုဒ်စုံ ၅၉ လုံး ခန့်မှန်း ၁၆ တန်ခန့် တို့နှင့်အတူ တုန်ဖုန်း ခြောက်ဘီးယာဉ် လေးစီး တို့ကို ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိသည်။

အဆိုပါ ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိသော တရားမဝင် သစ်တင်ယာဉ် များနှင့် သစ်များကို သက်ဆိုင်ရာ သစ်တောဦးစီး ဌာနများသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ ဆောင်ရွက်နိုင်ရေး စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (၁၀၀)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...