Social Icons

Pages

Thursday, April 9, 2015

တစ်ဖက်နိုင်ငံထုတ် စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရမိ


သိမ်းဆည်းရမိသော တစ်ဖက်နိုင်ငံထုတ် စစ်အသုံးအဆောင် ပစ္စည်းများကို တွေ့ရစဉ်



နေပြည်တော် ၊ ၉-၄-၂၀၁၅

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လောက်ကိုင်မြို့၊ ရပ်ကွက်(၂)၊ မြို့လမ်းနှင့် ကော်မင်လမ်းသွယ် (၁)ဒေါင့် ငြိမ်းချမ်းရေးကျောက်တိုင် အနီးတစ်ဝိုက်ရှိ အပ်ချုပ်ဆိုင် (၂)ဆိုင်နှင့် အားကစား အသုံးအဆောင် ပစ္စည်း အရောင်းဆိုင်၏ ဂိုဒေါင်အတွင်း တစ်ဖက်နိုင်ငံထုတ် စစ်အသုံးအဆောင် ပစ္စည်းများ သိုလှောင်ထားကြောင်း သတင်းရရှိသဖြင့် တပ်မတော် စစ်ကြောင်းများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဧပြီ ၇ ရက်နံနက် ၆ နာရီတွင် အဆိုပါဆိုင်များ အတွင်းသို့ ၀င်ရောက်ရှင်းလင်း စစ်ဆေးခဲ့သည်။

ယင်းသို့ ရှင်းလင်းစစ်ဆေး ရှာဖွေခဲ့ရာ ဆိုင်ခန်းများနှင့် ဂိုဒေါင်အတွင်းတို့မှ တစ်ဖက်နိုင်ငံထုတ် စစ်အသုံးအဆောင် ပစ္စည်းများဖြစ်သော ဂွမ်းကပ်(အစိမ်း) အထည် ၁၀၀၊ အိပ်ယာခင်း (အစိမ်း) အထည် ၄၀၊ လည်တိုဖိနပ် ရောင်စုံ ၂၄၁ ရံ၊ ရှုးဖိနပ် (အနက်) အရံ ၂၀ ၊ ခေါင်းအုံး (အစိမ်း) အလုံး ၃၀၊ ကျောပိုးအိတ် (အစိမ်း) အလုံး ၈၀၊ ပစ္စတို ထည့်အိတ် အရွယ်စုံ (ကော်) အခု ၄၀၊ ပစ္စတို ထည့်အိတ် အရွယ်စုံ (ပတ္ထူစ) ၉ ခု၊ ပစ္စတို ထည့်အိတ် (သားရေ) ၈ ခု၊ ပစ္စည်းစုံ ထည့်အိတ် (အနက်) ၆ ခု၊ အနွေးထည် အစိမ်း (အထူ) အထည် ၂၀၊ ဇာခြင်ထောင် (အစိမ်း) ၂၂ ထည်၊ ကိုးကန့် ယူနီဖောင်း ၇၂ ထည်၊ စစ်စိမ်းရောင် ကိုးကန့်စောင်ထူ ၂ ထည်၊ ရှာထိုးဦးထုပ် အလုံး ၂၀၀၊ ဖိုက်ဘာဦးထုပ် ရောင်စုံ ၈၇ လုံး၊ ဘေးလွယ်အိတ် ၂၅ လုံး၊ လွယ်ကြိုး(ချည်) ၂၉၇ ချောင်း၊ လွယ်ကြိုး(သားရေ) ၅၇ ချောင်း၊ သားရေ လည်ရှည်ဖိနပ် (အနက်) ၂ ရံ၊ ခေါက်ထိုင်ခုံ (သံ) ၁၂ လုံး၊ မတ်ခွက်ရောင်စုံ ၅၅ လုံး၊ ပြောက်ကျားပိတ်စ ၂ လိပ်၊ ပိတ်စရောင်စုံ ၅ လိပ်၊ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတ်ငွေ့ကာ မျက်နှာဖုံးစွပ် ၇ စုံ၊ ပြောက်ကျားလေသွင်း အိပ်ယာလိပ် ၁ ထည်၊ ခရာကြိုး ၈ ချောင်း၊ ခါးပတ်ကြီး ၂ ချောင်း၊ ခါးပတ်အသေး ၁၃ ချောင်း၊ ဘယ်/ညာ သိုင်းကြိုး ၇ စုံ၊ ခြောက်လုံးပြူးအိတ် ၁၀ ခု၊ ကျည်ဘောက်အိတ် မျိုးစုံ ၃၂ ခုတို့အား သိမ်းဆည်းရမိသည်။

အဆိုပါ သိမ်းဆည်းရမိ ပစ္စည်းများနှင့် ပတ်သက်မှုရှိသော တရားခံများအား တရားဥပဒေအရ အရေးယူနိုင်ရေး စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း သတင်းရရှိသည်။ (၁၀၀)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...