Social Icons

Pages

Saturday, March 28, 2015

နှစ်(၇၀)ပြည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား တွင် ဆုရရှိသော စစ်ရေးပြတပ်ခွဲများအား ဆုချီးမြှင့်ပွဲ ကျင်းပ


ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း စံပြတပ်ခွဲ ပထမဆုရရှိသော ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြု စစ်ရေးပြ ဂုဏ်ပြုတပ်ခွဲအား ဆုပေးအပ် ချီးမြှင့်စဉ်

စစ်ရေးချုပ် ဗိုလ်ချုပ် ဆန်းဦး စစ်ရေးပြ အကောင်းဆုံး ဒုတိယဆုရရှိသော ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုတပ်ခွဲအား ဆုပေးအပ် ချီးမြှင့်စဉ်

နေပြည်တော် ၊ ၂၈-၃-၂၀၁၅

၂ဝ၁၅ခုနှစ်၊ နှစ် (၇ဝ)ပြည့် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် ဆုရရှိကြသော စစ်ရေးပြ တပ်ခွဲများအား ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ စုရပ်သစ်တပ် စစ်ရေးပြကွင်း ၌ ကျင်းပရာ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း တက်ရောက်၍ ဆုများကို ပေးအပ် ချီးမြှင့်သည်။

ရှေးဦးစွာ ဗိုလ်ချုပ်ကြီး လှဌေးဝင်း အား စစ်ရေးပြမှူးကြီး ဗိုလ်မှူးချုပ် ဖုန်းမြတ် ဦးဆောင်သည့် စစ်ရေးပြ စစ်ကြောင်း များက အလေးပြု ကြသည်။

ထို့နောက် နှစ် (၇ဝ)ပြည့် တပ်မတော်နေ့ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် က စစ်ရေးပြ ဂုဏ်ပြုဆု ရရှိကြသော ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု အထူးတပ်ဖွဲ့၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြု တပ်ဖွဲ့၊ လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့ အရာရှိချုပ်ရုံး ကိုယ်စားပြု တပ်ဖွဲ့၊ အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု တပ်ဖွဲ့၊ သံချပ်ကာ ယန္တရားတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု တပ်ဖွဲ့၊ တပ်မတော် (ကြည်း) (အမျိုးသမီး) စစ်ရေးပြ တပ်ခွဲ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ (အမျိုးသမီး) စစ်ရေးပြ တပ်ခွဲ တို့အား လည်းကောင်း၊ အလံကိုင်အဖွဲ့ အကောင်းဆုံးဆု ရရှိသော ကျန်စစ်သား စစ်ကြောင်း ကိုယ်စားပြု အလံကိုင် အဖွဲ့အား လည်းကောင်း၊ စစ်တီးဝိုင်း အဖွဲ့ အကောင်းဆုံးဆု ရရှိသော ဘုရင့်နောင် စစ်ကြောင်း ကိုယ်စားပြု စစ်တီးဝိုင်း အဖွဲ့အား လည်းကောင်း ဆုများ အသီးသီး ပေးအပ် ချီးမြှင့်သည်။

ဆက်လက်၍ စစ်ရေးချုပ် ဗိုလ်ချုပ် ဆန်းဦး က အကောင်းဆုံး စခန်း တတိယဆု ရရှိသော ရန်ကုန်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲအား လည်းကောင်း၊ စစ်ချီသီချင်း အကောင်းဆုံး တတိယဆု ရရှိသော အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲအား လည်းကောင်း ၊ စစ်စည်းကမ်း အကောင်းဆုံး တတိယဆု ရရှိသော အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲအား လည်းကောင်း၊ စစ်ရေးပြ အကောင်းဆုံး တတိယဆု ရရှိသော အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ အား လည်းကောင်း၊ အကောင်းဆုံးစခန်း ဒုတိယဆု ရရှိသော စစ်လက်နက် ပစ္စည်း ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲအား လည်းကောင်း၊ စစ်ချီသီချင်း အကောင်းဆုံး ဒုတိယဆု ရရှိသော လျှပ်စစ်နှင့် စက်မှု အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲအား လည်းကောင်း ၊ စစ်စည်းကမ်း အကောင်းဆုံး ဒုတိယ ဆုရရှိသော ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်ရုံး ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲအား လည်းကောင်း၊ စစ်ရေးပြ အကောင်းဆုံး ဒုတိယဆု ရရှိသော ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲအား လည်းကောင်း ဆုများ အသီးသီး ပေးအပ် ချီးမြှင့်သည်။

ယင်းနောက် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း က အကောင်းဆုံး စခန်း ပထမဆု ရရှိသော ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ(၁) အား လည်းကောင်း၊ စစ်ချီသီချင်း အကောင်းဆုံး ပထမဆု ရရှိသော ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ(၁) အား လည်းကောင်း၊ စစ်စည်းကမ်း အကောင်းဆုံး ပထမဆု ရရှိသော ဆက်သွယ်ရေး ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲအား လည်းကောင်း၊ စစ်ရေးပြ အကောင်းဆုံး ပထမဆု ရရှိသော ထောက်ပံ့နှင့် ပို့ဆောင်ရေး ညွှန်ကြား ရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲအား လည်းကောင်း၊ စံပြတပ်ခွဲ တတိယဆု ရရှိသော စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲအား လည်းကောင်း၊ စံပြတပ်ခွဲ ဒုတိယဆု ရရှိသော ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု စစ်ရေးပြ ဂုဏ်ပြု တပ်ခွဲအား လည်းကောင်း၊ စံပြတပ်ခွဲ ပထမဆု ရရှိသော ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြု စစ်ရေးပြ ဂုဏ်ပြု တပ်ခွဲအား လည်းကောင်း ဆုများ အသီးသီး ပေးအပ် ချီးမြှင့်သည်။

ထို့နောက် ဗိုလ်ချုပ်ကြီး လှဌေးဝင်း အား စစ်ရေးပြမှူးကြီး ဗိုလ်မှူးချုပ် ဖုန်းမြတ် ဦးဆောင်သည့် စစ်ရေးပြ စစ်ကြောင်းများက အလေးပြု ကြပြီး ဆုချီးမြှင့်ပွဲကို ရုပ်သိမ်း လိုက်ကြောင်း သိရှိရသည်။

နှစ်(၇၀)ပြည့် တပ်မတော်နေ့ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် တပ်မတော်(ကြည်း) (အမျိုးသမီး) စစ်ရေးပြတပ်ခွဲအား စစ်ရေးပြဂုဏ်ပြုဆု ပေးအပ် ချီးမြှင့်စဉ်

နှစ်(၇၀)ပြည့် တပ်မတော်နေ့ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ (အမျိုးသမီး) စစ်ရေးပြတပ်ခွဲအား စစ်ရေးပြဂုဏ်ပြုဆု ပေးအပ် ချီးမြှင့်စဉ်

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...