Social Icons

Pages

Wednesday, April 1, 2015

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ၊ မြ၀တီရုပ်မြင်သံကြား နှစ်(၂၀)ပြည့် နှစ်ပတ်လည်နေ့ နှင့် မြ၀တီစာပေတိုက် နှစ်ပတ်လည် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ


စိတ်ဓာတ်ရေးရာ နှင့် လူထု ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ စစ်ရေးချုပ် ဗိုလ်ချုပ် ဆန်းဦး 
ဦးစီးအရာရှိ (အစားခန့်) ဒေါ်ဝါ၀ါလွင် အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ် ချီးမြှင့်စဉ်

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ၊ မြ၀တီရုပ်မြင်သံကြား နှစ်(၂၀)ပြည့် နှစ်ပတ်လည်နေ့ နှင့် မြ၀တီစာပေတိုက် နှစ်ပတ်လည် ဆုချီးမြှင့်ပွဲ အခမ်းအနား သို့ တက်ရောက် လာကြသော မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့များ ၊ အနုပညာရှင်များ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ ကိုတွေ့ရစဉ်

ရန်ကုန် ၊ ၁-၄-၂၀၁၅

မြဝတီ ရုပ်မြင်သံကြား နှစ်(၂ဝ)ပြည့် နှစ်ပတ်လည်နေ့ နှင့် မြဝတီ စာပေတိုက် နှစ်ပတ်လည် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ည ၆ နာရီခွဲတွင် ရန်ကုန်တိုင်း ဒေသကြီး၊ မှော်ဘီမြို့နယ် ရှိ မြဝတီ ရုပ်မြင်သံကြား ၌ ကျင်းပရာ စိတ်ဓာတ်ရေးရာ နှင့် လူထု ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ စစ်ရေးချုပ် ဗိုလ်ချုပ် ဆန်းဦး တက်ရောက်၍ ဂုဏ်ပြု အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင်၊ ပြည်သူ့ဆက်ဆံရေး နှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အောင်ရဲဝင်း၊ တပ်မတော် အရာရှိကြီးများ၊မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့များ၊ မြန်မာနိုင်ငံ ဓာတ်ပုံအသင်း၊ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတ အစည်းအရုံး၊ မြန်မာနိုင်ငံ သဘင် အစည်းအရုံး၊ နှစ် (၇ဝ)ပြည့် တပ်မတော်နေ့ ဂုဏ်ပြု ကွမ်းလုံရက် ၄ဝ ရုပ်ရှင် ဇာတ်ကားတွင် ပါဝင်ခဲ့ ကြသည့် အနုပညာရှင်များ၊ ထူးချွန်ဆု ရရှိကြသည့် အရာရှိ/ စစ်သည်/ ဝန်ထမ်းများ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ကြသည်။

ရှေးဦးစွာ စိတ်ဓာတ်ရေးရာ နှင့် လူထု ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ စစ်ရေးချုပ် ဗိုလ်ချုပ် ဆန်းဦး က ဂုဏ်ပြု အမှာစကား ပြောကြားသည်။

ထို့နောက် ဆုချီးမြှင့်ခြင်း အစီအစဉ်ကို ကျင်းပရာ စိတ်ဓာတ်ရေးရာ နှင့် လူထု ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ စစ်ရေးချုပ် ဗိုလ်ချုပ် ဆန်းဦး က မြဝတီ ရုပ်မြင်သံကြား တွင် နှစ်ပေါင်း (၂ဝ)တိုင်အောင် သံယောဇဉ် ကြီးစွာ တာဝန်ထမ်းဆောင် ခဲ့ကြသည့် ဦးစီးအရာရှိ (အစားခန့်) နှင့် ဝန်ထမ်းများကို လည်းကောင်း၊ မြဝတီ ရုပ်မြင်သံကြားမှ ထူးချွန်ဆုရ စစ်သည်/ ဝန်ထမ်း များကို လည်းကောင်း ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဆုများ ပေးအပ် ချီးမြှင့်သည်။

ဆက်လက်ပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင်၊ ပြည်သူ့ဆက်ဆံရေး နှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အောင်ရဲဝင်း၊ တပ်မတော် ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးဇော်သိမ်း၊ မှော်ဘီတပ်နယ် (တပ်နယ်မှူး) ဗိုလ်မှူးချုပ် ဝင်းကိုကို၊ မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်၊ မြန်မာ စီးပွားရေး ကော်ပိုရေးရှင်းမှ စီမံကိန်းများ ညွှန်ကြားရေးမှူး ဦးခင်မောင်စိုး၊ မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက် မှ အထွေထွေ အုပ်ချုပ်ရေးရာ ဌာနကြီးမှူး ဦးသန်းထွန်း တို့က မြဝတီ ရုပ်မြင်သံကြား နှင့် မြဝတီ စာပေတိုက် တို့မှ ထူးချွန် စစ်သည်/ ဝန်ထမ်းများနှင့် မြဝတီ ရောင်စုံဓာတ်ပုံ ပြိုင်ပွဲ၊ မြဝတီ/ ငွေတာရီ မဂ္ဂဇင်း အကောင်းဆုံး ကာတွန်း/ ကဗျာ/ ဆောင်းပါး/ ဝတ္ထုတို/ ဝတ္ထုရှည် ဆုရရှိကြ သူများကို လည်းကောင်း၊ မြဝတီ သတင်းစာတိုက် နှင့် သဇင် အသံလွှင့်ဌာန တို့မှ ထူးချွန် စစ်သည်/ ဝန်ထမ်းများကို လည်းကောင်း ဂုဏ်ပြုဆုများ အသီးသီး ပေးအပ် ချီးမြှင့် ကြသည်။

အခမ်းအနား အပြီးတွင် ဧည့်သည်တော် များအား ဂုဏ်ပြု ညစာဖြင့် တည်ခင်း ဧည့်ခံသည်။ ညစာ သုံးဆောင်နေစဉ် အတွင်း The Young Boys တေးဂီတနှင့် တွဲဖက်၍ မြန်မာနိုင်ငံ ဂီတအစည်းအရုံး မှ တေးသံရှင်များ၊ အနုပညာရှင်များ၊ မြဝတီ ရုပ်မြင်သံကြားမှ တေးသံရှင် များက အဆိုအက များဖြင့် ဖျော်ဖြေ တင်ဆက် ကြသည်။

မြဝတီ ရုပ်မြင်သံကြား ကို ၁၉၉၅ ခုနှစ်၊ မတ် ၂၇ ရက်၊ နှစ် (၅ဝ)ပြည့် ရွှေရတု တပ်မတော်နေ့တွင် စတင်ဖွင့်လှစ် ခဲ့ခြင်းဖြစ်ပြီး ယခု ၂ဝ၁၅ ခုနှစ်၊ မတ် ၂၇ ရက်တွင် နှစ်(၇ဝ) ပြည့် တပ်မတော်နေ့ နှင့်အတူ မြဝတီ ရုပ်မြင်သံကြား ၏ မီဒီယာ သက်တမ်း သည်လည်း နှစ်(၂ဝ) ပြည့်မြောက် ခဲ့ပြီဖြစ်ကာ ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန်၊ စည်းရုံးရန် ဟူသော ရည်ရွယ်ချက် များဖြင့် နိုင်ငံတော်၊ ပြည်သူလူထု နှင့် တပ်မတော်အတွက် တာဝန် ကျေပွန်သော ရုပ်သံလိုင်း တစ်ခုအဖြစ် အစဉ် ဆက်လက်ကြိုးပမ်း ရပ်တည်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...