ရန်ကုန် ၊ ၁၆-၃-၂၀၁၅
လူဦးရေနှင့် သက်ဆိုင်သည့် သုတေသန လုပ်ငန်းဆိုင်ရာ သင်တန်း တက်ရောက်ရန် ရန်ကုန်တက္ကသိုလ် မှ ဆရာ၊ ဆရာမ ၁၂ ဦးအား လာမည့် မေလအတွင်း သြစတြေးလျ နိုင်ငံ အမျိုးသား တက္ကသိုလ် (ANU) သို့ ဒုတိယ အသုတ်အဖြစ် ရွေးချယ် စေလွှတ်မည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တက္ကသိုလ် ၌ ဖွင့်လှစ်မည့် Population Research Center အတွက် ကြိုတင် ပြင်ဆင်သည့် အနေဖြင့် ဆရာ၊ ဆရာမ များအား သင်တန်းပေးရန် စေလွှတ်ခြင်း ဖြစ်ပြီး သင်တန်းကာလမှာ သုံးပတ် ကြာမြင့်မည် ဖြစ်၍ ဌာနပေါင်းစုံမှ ဆရာ၊ ဆရာမများအား ရွေးချယ်ခြင်း ဖြစ်ကြောင်း သိရသည်။
၂ဝ၁၃ ခုနှစ် စက်တင်ဘာလ က ရန်ကုန် တက္ကသိုလ် နှင့် သြစတြေးလျ အမျိုးသား တက္ကသိုလ် (Australian National University -ANU) တို့ ပူးပေါင်း ဆောင်ရွက်သည့် နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ (MoU) လက်မှတ် ရေးထိုးခဲ့ပြီး နားလည်မှု စာချွန်လွှာ အရ သြစတြေးလျ အမျိုးသား တက္ကသိုလ်၌ ရန်ကုန် တက္ကသိုလ်မှ ဆရာ၊ ဆရာမများ သွားရောက် ပညာသင်ကြားခြင်း အပြင် လူဦးရေ နှင့် သက်ဆိုင်သည့် သုတေသန စင်တာ (Population Research Center) တစ်ခုကို ၂ဝ၁၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ၌ တည်ဆောက်ရန် စီစဉ် ထားကြောင်း သိရသည်။
ရန်ကုန်တက္ကသိုလ် ပြန်လည် ဖွင့်လှစ်ခဲ့ပြီး သည့် အချိန်မှစ၍ ယခုနှစ် အထိ ပြည်ပနိုင်ငံ များမှ တက္ကသိုလ် ၂၂ ခုနှင့် နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ (MoU) လက်မှတ် ရေးထိုး၍ ပူးပေါင်း ဆောင်ရွက်လျက် ရှိပြီး သြစတြးလျ အမျိုးသား တက္ကသိုလ်၌ သင်တန်း တက်ရောက်ရန် ရန်ကုန်တက္ကသိုလ် မှ ဆရာ၊ ဆရာမ ၄၈ ဦးအား လေးနှစ်အတွင်း စေလွှတ်မည် ဖြစ်ကြောင်း သိရသည်။(၄၄၇)
#Themyawadydaily
#မြ၀တီနေ့စဉ်
No comments:
Post a Comment