Social Icons

Pages

Monday, March 16, 2015

ဆေးလိပ်သောက်သုံးသူ အမျိုးသားများတွင် အရိုးပွရောဂါ ဖြစ်ပွားမှုမြင့်တက်


ဆေးလိပ်သောက်သုံးသူ အမျိုးသားများတွင် အရိုးပွရောဂါ ဖြစ်ပွားမှုမြင့်တက်

မောင်ဝိုင်းချစ်

ဆေးလိပ် သောက်သုံးသူ အမျိုးသားများတွင် အရိုးပွရောဂါ ဖြစ်ပွားမှု နှုန်းသည် အခြား ဆေးလိပ် မသောက်သူ အမျိုးသား များနှင့် ဆေးလိပ် သောက်သုံးသူ အမျိုးသမီး များထက် ပိုမိုမြင့်တက်လျက် ရှိနေသည်။

သို့သော် ဆေးလိပ် သောက်သုံးသူ အမျိုးသမီးများ တွင်လည်း အရိုးပွရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက် လာနိုင်ပြီး လက်ရှိ စစ်တမ်းများ အရ အရိုးပွရောဂါ ခံစားနေရသူ အမျိုးသားများတွင် တင်ပါးဆုံရိုး ကျိုးအက်ခြင်း များလည်း ဖြစ်လာနိုင်ပြီး အမျိုးသမီး များထက် ပိုမို ဆိုးရွားလျက် ရှိကြောင်း သုတေသန အဖွဲ့ခေါင်းဆောင် ဒေါက်တာ အဲလိဇဘက် ရီဂန် ကပြောသည်။

အရိုးပွရောဂါ ဟူသည် အရိုးများကို အားနည်းစေပြီး ကြွပ်ဆတ်စေကာ တစ်ခါတစ်ရံ အလွန်အမင်း ချောင်းဆိုးခြင်း နှင့် အရိုးကွေးညွတ် မှုများ ပြုလုပ်မိပါက အရိုးကျိုး သည်အထိ ဖြစ်ပွားနိုင်သည်။ အဆိုပါ ရောဂါသည် သာမန်အားဖြင့် အသက်အရွယ် ကြီးရင့် သူများတွင်သာ အဖြစ်များသည့် ရောဂါဖြစ်ပြီး အသက် ၅ဝ ကျော် အမျိုးသမီး ၁ဝ ဦးတွင် တစ်ဦးနှင့် အမျိုးသားများ အနေဖြင့်မူ အသက် ၅ဝ ကျော် အမျိုးသား ၅ဝ ဦးတွင် တစ်ဦးမှာ အရိုးပွရောဂါ ခံစားရလျက် ရှိကြောင်း အမေရိကန် ရောဂါ ထိန်းချုပ်ရေးနှင့် ကြိုတင် ကာကွယ်ရေး စင်တာက ထုတ်ပြန် ကြေညာ ထားသည်။

အမျိုးသမီးများ၏ အရိုးများမှာ အမျိုးသားများထက် သေးငယ် သွယ်လျပြီး ၄င်းတို့ သွေးဆုံးပြီး ချိန်တွင် အီစထရိုဂျင် ဟော်မုန်း ထုတ်လုပ်မှု လျော့ကျ လာခြင်းကြောင့် အရိုး၏ သိပ်သည်းဆ သည်လည်း နည်းပါး လာရခြင်း ဖြစ်သည်။ ထို့အပြင် ဆေးလိပ် သောက်သုံးခြင်း သည်လည်း အရိုး သိပ်သည်းဆ လျော့ကျလာမှုကို ပိုမိုမြင့်မား စေသည်။ ပညာရှင် များသည် ဆေးလိပ် သောက်သုံးသူ အမျိုးသား ၃၃၂၁ ဦး နှင့် ဆေးလိပ်လုံးဝ မသောက်သုံးသူ အမျိုးသား ၆၃ ဦးတို့အား လေ့လာမှုအရ ဆေးလိပ် သောက်သုံးသူ အမျိုးသား များတွင် အဆုတ်ရောဂါ နှင့် အရိုး သိပ်သည်းဆ လျော့နည်းမှု တို့အပြင် တစ်ခါတစ်ရံ ကျောရိုးအတွင်းရှိ ကျောရိုးဆစ် ကျိုးအက်မှု အသေးစားများ ဖြစ်ပွားလျက် ရှိကြောင်း တွေ့ရပြီး ထိုသို့ ဖြစ်ပွားမှုသည် ဆေးလိပ် သောက်သုံးသူ အမျိုးသမီး များထက် ပိုမိုတိုးတက် များပြားလာလျက် ရှိကြောင်း သိရသည်။

သို့သော် အမျိုးသား များနှင့် အမျိုးသမီး များတွင် ဖြစ်ပွားလျက် ရှိသော အဆိုပါ အရိုးပွရောဂါ နှင့် အရိုးကျိုးခြင်း တို့ကို လျှော့ချနိုင်ရန် အတွက် ပုံမှန် ကိုယ်လက်လှုပ်ရှား အားကစားနှင့် သန်မာမှု လေ့ကျင့် ခန်းများ၊ ကျန်းမာရေး နှင့် ညီညွတ်စေရန် အစာ လျှော့စားမှုနှင့် အယ်လ်ကိုဟော အနည်းငယ်ကို အကန့်အသတ်ဖြင့် သောက်သုံးခြင်းများ လုပ်ဆောင် နိုင်ကြောင်း သိရပြီး ဆေးလိပ် သောက်သုံး သူများ အနေဖြင့် ဆေးလိပ် ဖြတ်ခြင်းသည် အကောင်းဆုံး ဖြစ်ကြောင်း ယင်း သုတေသန အဖွဲ့က အကြံပြု ပြောကြား ထားသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...