Social Icons

Pages

Monday, February 2, 2015

မြောက်ဦးရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရန် ယူနက်စကို သို့ တင်ပြသွားမည်




မြောက်ဦး ၊ ၂-၂-၂၀၁၅

ရခိုင်ပြည်နယ်ရှိ မြောက်ဦး ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေကို ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် နိုင်ရန် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) သို့ ဖေဖော်ဝါရီလ တွင် တင်ပြ သွားမည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသန ဌာန အမျိုးသား ပြတိုက် ဦးစီးဌာန (မြောက်ဦး)မှ သိရသည်။

ယူနက်စကို သို့ တင်ပြရာတွင် ရှေးဟောင်း အမွေအနှစ် များကို ကာကွယ် ထိန်းသိမ်းသည့်ဇုန်၊ ရှေးဟောင်း ဘုရား၊ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ်၊ စေတီပုထိုး များနှင့် အဆောက်အအုံ များ ထိန်းသိမ်းရန်ဇုန်၊ မြေပေါ် မြေအောက် ရောက်ရှိနေသည့် အမွေ အနှစ်များကို ထိန်းသိမ်းမည့်ဇုန် ဟူ၍ ဇုန်သုံးခု ခွဲခြားတင်ပြ သွားဖြစ်ပြီး လက်ရှိတွင် ကောင်းကင် ဓာတ်ပုံရိုက်ခြင်း လုပ်ငန်းကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ရခိုင်သမိုင်း အထောက်အထား များအရ ပထမ ဓညဝတီ၊ ဒုတိယ ဓညဝတီ၊ ဝေသာလီ၊ လေးမြို့နှင့် မြောက်ဦးခေတ် ဟူ၍ ခေတ်ကြီး ငါးခေတ် ရှိကာ မြောက်ဦးမြို့၌ နန်းတော်ရာများ၊ နန်းမြို့ရိုးများ၊ ရှေးဟောင်း စေတီပုထိုး များဖြင့် ထင်ရှားခဲ့သော မြို့တော်တစ်ခု ဖြစ်သည်။

မြောက်ဦးမြို့ကို မြောက်ဦးခေတ် ဘုရင် မင်းစောမွန်က အေဒီ ၁၄၃ဝ တွင် စတင် တည်ထောင်ခဲ့ပြီး နှစ်ပေါင်း ၃၅၅ နှစ်ကြာမြင့် နေပြီဖြစ်ကြောင်း သိရသည်။ မြောက်ဦးမြို့သည် စေတီပုထိုးများ ပေါများလှပြီး ဘာသာ၊ သာသနာ ထွန်းပြောင် ခဲ့သည့်နေရာ ဖြစ်ကာ ရှေးခေတ် ယဉ်ကျေးမှု အနုပညာ လက်ရာများကို လေ့လာစရာ ပေါများလှသည့် ဒေသတစ်ခု ဖြစ်သည်။ သမိုင်းဝင် နေရာများစွာ နှင့် ခံတပ်များ၊ ရေကန်များ၊ နန်းမြို့ရိုးများ၊ ရှေးဟောင်း အနုပညာ လက်ရာများ၊ စေတီပုထိုးများ တည်ရှိဆဲ ဖြစ်သဖြင့် ရှေးဟောင်း အနုပညာကို လေ့လာလို သူများ အကြိုက် တွေ့သည့် နေရာတစ်ခု ဖြစ်ကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...