Social Icons

Pages

Monday, February 2, 2015

သုံးနှစ်တာကာလအတွင်း ဂျပန်နိုင်ငံ အပါအ၀င် နိုင်ငံတကာ ဈေးကွက်သို့ မြန်မာ့သရက်သီးများ တင်ပို့နိုင်ရေး ဆောင်ရွက်မည်



ရန်ကုန် ၊ ၂-၂-၂၀၁၅

ယခုနှစ်မှ စတင်၍ သုံးနှစ်တာ ကာလအတွင်း ဂျပန်နိုင်ငံ အပါအဝင် နိုင်ငံတကာ ဈေးကွက်သို့ မြန်မာ့သရက်သီး တင်ပို့နိုင်ရေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများ အသင်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ယခုအခါ ပြည်တွင်းရှိ အရည်အသွေး ကောင်းမွန်သော သရက်သီးများကို တင်ပို့မည် ဖြစ်သည်။ မြန်မာနိုင်ငံ အနေဖြင့် သရက်သီးများ ပြည်ပသို့ တင်ပို့ရောင်းချ ရာတွင် ထောက်ခံချက် လက်မှတ်ပြရန် မလိုအပ်သော
တရုတ်နိုင်ငံ သို့သာ တင်ပို့ရောင်းချ နေရကြောင်း သိရသည်။ မြန်မာ့သရက်သီး မျိုးရင်း များသည် သရက်မျိုးရင်းစစ် ရှိနိုင်သော နိုင်ငံများထဲတွင် ပါဝင်ပြီး ယင်းအတွက် အခြားသော ဈေးကွက်ရရှိ နိုင်သော နိုင်ငံ များသို့ပါ တင်ပို့ ရောင်းချနိုင်ရေး ကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ တင်ပို့ ရောင်းချမှုကို တိုးချဲ့သည့် အနေဖြင့် ဂျပန်နိုင်ငံ အပါအဝင် စင်ကာပူ၊ မလေးရှား နှင့် ဟောင်ကောင် ဈေးကွက်များ အထိပါ တင်ပို့နိုင်ရေး လုပ်ဆောင် နေကြောင်း၊ သရက်မျိုးရင်းစစ် ရရှိနိုင်သော
နိုင်ငံများသည် မြန်မာနိုင်ငံ နှင့် အန္ဒိယနိုင်ငံတို့ ဖြစ်ပြီး အိန္ဒိယနိုင်ငံ သည် အရည်အသွေး ထောက်ခံချက် လက်မှတ် ပြသနိုင် ခြင်းကြောင့် အရှေ့တောင် အာရှနိုင်ငံများ သို့ သရက်သီး တင်ပို့ခွင့် ရရှိထားကြောင်း သိရသည်။

လက်ရှိအချိန်တွင် တရုတ်နိုင်ငံ သို့ မြန်မာ့ သရက်သီးများ တင်ပို့ရာ၌ တရုတ်နိုင်ငံမှ ပေးသော ဈေးနှုန်းမှာ မြန်မာ့သရက်သီး တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၆ဝဝ မှ ၇ဝဝ အကြားသာ ပေးဝယ် ကြသည်။ အခြားနိုင်ငံများ အနေဖြင့် သရက်သီး တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၁ဝဝဝ ကျော်အထိ ပေးဝယ်ခြင်းများ ရှိကြောင်း၊ တရုတ်နိုင်ငံသည် လမ်းပန်း ဆက်သွယ်ရေး အရ တင်ပို့ရ လွယ်ကူခြင်း၊ ထုပ်ပိုးစနစ် မလိုအပ်ခြင်း နှင့် ထောက်ခံချက်များ မလိုခြင်းကြောင့် ပြည်ပ ဈေးကွက်အရ အားထား တင်ပို့နေရသော နိုင်ငံတစ်ခု ဖြစ်ကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...