Social Icons

Pages

Tuesday, February 3, 2015

ချင်းပြည်နယ် မြောက်ပိုင်းသို့ လည်ပတ်နိုင်မည့် ခရီးစဉ် မကြာမီစတင်မည်





ရိခေါဒေါရ် ၊ ၃-၂-၂၀၁၅

ချင်းပြည်နယ်၏ သဘာဝ အလှပြယုဂ် တစ်ခုဖြစ်သော ရိဒ်ရေကန် တည်ရှိရာ ချင်းပြည်နယ် မြောက်ပိုင်း ခရီးစဉ်ကို ပြည်တွင်း ခရီးသွား လုပ်ငန်းတစ်ခု ဖြစ်သည့် Tanggo Traveland Tour အေဂျင်စီက ပထမဦးဆုံး ခရီးစဉ်သစ် အဖြစ် ဖေဖော်ဝါရီ ၂၇ ရက်တွင် စတင် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

''ချင်းပြည်နယ်ရဲ့ သင်္ကေတ အမှတ်အသား တစ်ခုဖြစ်တဲ့ အသည်းနှလုံး ပုံသဏ္ဌာန် ရိဒ်ရေကန် နဲ့ ကနေဒီ တောင်တန်းရဲ့ သဘာဝ အလှအပ တောတောင် ရှုခင်းတွေကို အေးအေး ချမ်းချမ်း တွေ့မြင်ခံစား စေချင် ပါတယ်။ ဒီ ခရီးစဉ်ကတော့ သဘာဝ အခြေပြု ခရီးသွား လုပ်ငန်း Ecotourism ပုံစံလေးပါ။ မူလအတိုင်း ကျန်ရှိ နေသေးတဲ့ သဘာဝ အလှအပ တွေနဲ့ လူသိ နည်းနေ သေးတဲ့ ရိုးသားတဲ့ ချင်းတိုင်းရင်းသား တွေရဲ့ သဘာဝ တွေကို လေ့လာနိုင်ပြီး ဒေသန္တရ ဗဟုသုတ လည်း ရစေတယ် .. '' ဟု ခရီးသွား လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ရိဒ်ရေကန် သို့ စက်လှေဖြင့် လှည့်လည် ကြည့်ရှုနိုင်ရန် စီစဉ်ထားပြီး ကလေးမြို့တွင် အမှတ်တရ ပစ္စည်းများ ဝယ်ယူနိုင်ရုံ သာမက အိန္ဒိယနိုင်ငံ အာသံ ပြည်နယ်တွင် ပါဝင်သော မိုးရေးမြို့ ၌လည်း ဒေသ ထွက်ကုန်များ ဖြစ်သည့် စတီးလ် ပစ္စည်းများ၊ စောင်များအပြင် အိန္ဒိယ နိုင်ငံထုတ် ဆေးဝါးများ ကိုလည်း ဝယ်ယူ နိုင်ကြောင်း၊ ကမ္ဘာလှည့် ခရီးသွား ဧည့်သည် များအား ဆွဲဆောင်သည့် အနေဖြင့် ချင်းပြည်နယ် အတွင်း သဘာဝ ကို အခြေခံသော ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရန် ကမ္ဘာလှည့် ခရီးသွားများ အနေဖြင့် ကန်ပက်လက်မြို့ နှင့် မင်းတပ်မြို့နယ် တို့သို့ တရားဝင် သွားလာနိုင်ပြီး တီးတိန်၊ တွန်းဇံ၊ ကျီခါး၊ ဖလမ်း၊ ရိခေါဒါရ်၊ ထန်တလန် နှင့် ဟားခါး မြို့ပေါ် ဒေသများသို့ ခွင့်ပြုချက် မလိုဘဲ သွားရောက် လည်ပတ် နိုင်သည့်အပြင် မြို့ပြင် သို့လည်း ခွင့်ပြုချက် တောင်းခံ၍ သွားရောက် နိုင်ကြောင်း သိရသည်။

ထယ်လ်ဏ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...