Social Icons

Pages

Tuesday, February 3, 2015

ကမ္ဘာ့နိုင်ငံအသီးသီးသို့ ကြိမ်တန်ချိန် တစ်သောင်းကျော် တင်ပို့လျက်ရှိပြီး ဒုတိယအများဆုံး တင်ပို့သည့် နိုင်ငံအဖြစ် မြန်မာနိုင်ငံ ရပ်တည်နေ



ရန်ကုန် ၊ ၃-၂-၂ဝ၁၅

မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံ အသီးသီးသို့ ကြိမ်တင်ပို့ ရာတွင် တန်ချိန် တစ်သောင်း ကျော်ဖြင့် ဒုတိယ အများဆုံး တင်ပို့နေသည့် နိုင်ငံဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှား နိုင်ငံသည် တစ်နှစ်လျှင် ကြိမ် တန်ချိန် ၆ဝဝဝဝ ကျော်ဖြင့် ကမ္ဘာ့နိုင်ငံ အသီးသီး သို့ ကြိမ်အများဆုံး တင်ပို့နေပြီး မြန်မာနိုင်ငံ သည် တစ်နှစ်လျှင် တန်ချိန် တစ်သောင်း ကျော်ဖြင့် ကမ္ဘာ့နိုင်ငံ အသီးသီး သို့ ဒုတိယ အများဆုံး ကြိမ်တင်ပို့သည့် နိုင်ငံ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံ၌ ကြိမ် အမျိုးအစား ၃၆ မျိုး ထွက်ရှိပြီး ကြိမ် အမျိုးအစား ၁ဝ မျိုးကို အရောင်းအဝယ် အတွက် အသုံးပြုလျက် ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ထွက်ရှိသော ကြိမ်နှင့် ကြိမ် အချောထည် များကို ဥရောပ သမဂ္ဂသို့ အဓိကထား တင်ပို့လျက် ရှိပြီး အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်နှင့် အိမ်နီးချင်း နိုင်ငံများ အပြင် တောင်အာဖရိက နိုင်ငံများ သို့ပါ တင်ပို့လျက် ရှိကြောင်း သိရသည်။

ကချင်ပြည်နယ် နှင့် ရခိုင်ပြည်နယ် တို့မှကြိမ် အဓိက ထွက်ရှိပြီး မကွေးတိုင်း ဒေသကြီး နှင့် မန္တလေးတိုင်း ဒေသကြီး တို့မှအပ ကျန်ဒေသ အားလုံး၌ ကြိမ်ထွက်ရှိ ကြောင်း သိရသည်။

၂ဝ၁၃ ခုနှစ်အထိ ကြိမ်ကုန်ချော တင်ပို့မှုမှ တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၁ဝ သန်းမှ သန်း ၂ဝ အထိ ရရှိခဲ့ပြီး ယခင် ဘဏ္ဍာနှစ်က အမေရိကန်ဒေါ်လာ ၈ သန်းနီးပါး သာ ရရှိ ခဲ့ကြောင်း သိရသည်။

နေနေ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...