Social Icons

Pages

Tuesday, February 3, 2015

လမ်းဘေးဈေးသည်များ စည်းကမ်းတကျ ရောင်းချနိုင်ရေး စံပြနေရာ ရန်ကုန်မြို့ တွင်း၌ စတင် လုပ်ဆောင်သွားမည်



ရန်ကုန် ၊ ၃-၂-၂ဝ၁၅

ရန်ကုန်မြို့၌ ရောင်းချနေသော လမ်းဘေး ဈေးသည် များအား သုတေသန ပြုလုပ်ကာ စည်းကမ်းတကျ ရောင်းချနိုင်ရန် စံပြနေရာ ရန်ကုန် မြို့တွင်း၌ စတင် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

''လမ်းဘေးဈေးသည် မရှိတဲ့နိုင်ငံ မရှိပါဘူး။ အနီးစပ်ဆုံး စင်ကာပူ မှာတောင် ညဘက်မှာ လမ်းဘေး ဈေးသည်တွေ အများကြီး ရှိပါတယ်။ လမ်းဘေး ဈေးသည် ပပျောက်ဖို့ ဆိုတာ ဘယ်လိုမ မဖြစ်နိုင် ပါဘူး။ ဒီတော့ အသွင်ပြောင်းဖို့ လိုပါတယ်။ လမ်းဘေး ဈေးသည်ကို အရင်ဆုံး အပေးအယူ လုပ်ဖို့ လိုတယ်။ သူတို့ကို လွတ်လွတ် လပ်လပ် ရောင်းခွင့်၊ စီးပွားရှာခွင့် ပေးရမယ်။ စံပြည့်မီတဲ့ လမ်းဘေး ဈေးသည် ဖြစ်လာအောင် ပြုပြင်ပျိုးထောင် ပေးရမှာပါ '' ဟု ၄င်းက ဆက်လက် ပြောသည်။

အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုကြောင့် လမ်းဘေး ဈေးသည် အရေအတွက် မှာ သိသာစွာ တိုးပွားလာကာ ပြီးခဲ့သည့် ၂ဝဝဝ ပြည့်နှစ်ကျော် ကာလက ရန်ကုန်မြို့ ၌ လမ်းဘေး ဈေးသည် အရေအတွက် သောင်းဂဏန်း သာ ရှိခဲ့ သော်လည်း ယခုအခါ သိန်းဂဏန်း အထိပင် ရှိလာကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ သိရသည်။

လက်ရှိတွင် လမ်းဘေးဈေးသည် များအား အချိန် အကန့်အသတ်ဖြင့် ရောင်းချ ခွင့်ပြုထားကာ လမ်းများပေါ်၌ ဈေးရောင်းချ ပါက ဖမ်းဆီး အရေးယူမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ထုတ်ပြန် ထားပြီး ၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာနှစ် တွင် လမ်းဘေး ဈေးသည် ရောင်းချမှု များသော နေရာတစ်ဝိုက်ရှိ ဈေးများအတွင်း နှစ်ထပ်ဈေးရုံများ ဆောက်လုပ်၍ လမ်းဘေး ဈေးသည်များကို ထည့်သွင်း ရောင်းချနိုင်ရန် စီစဉ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...