Curiosity has discovered organic matter on Mars
ဝါရှင်တန် ၊ ၁၉-၁၂-၂၀၁၄
NASA အဖွဲ့၏ Curiosity အာကာသယာဉ် သည် အင်္ဂါဂြိုဟ်ပေါ်တွင် သက်ရှိများ နေထိုင်နိုင်သည့် လက္ခဏာကို တွေ့ရှိ ခဲ့သည်ဟု သိရသည်။
အဆိုပါ အာကာသယာဉ် သည် လေထု အတွင်းတွင် ထုထည် အားဖြင့် တစ်ဘီလီယံ ပုံ တစ်ပုံအောက် သိပ်သည်းဆ လျော့နည်းသည့် နေရာ တစ်ခုတွင် မီသိန်းဓာတ်ငွေ့ ရှိနေကြောင်း ကို ဖော်ထုတ် သိရှိခဲ့ကြောင်း NASA အဖွဲ့မှ သုတေသန ပညာရှင်များ က ဒီဇင်ဘာ ၁၇ ရက်တွင် ထုတ်ဖော် ပြောကြားသည်။
Curiosity အာကာသယာဉ်သည် ၄င်း၏ နှစ်လကြာ ခရီးစဉ်အတွင်း တွေ့ရှိခဲ့သော အဆိုပါ မီသိန်းဓာတ်ငွေ့ များသည် အင်္ဂါဂြိုဟ် ပေါ်တွင် သက်ရှိများ ရှိနေသည် သို့မဟုတ် အတိတ် ကာလက ရှိခဲ့သည် ဆိုခြင်းကို တိတိကျကျ သိနိုင်ရန်အတွက် လေ့လာမှုများ ထပ်မံ ပြုလုပ်နေကြောင်း၊ ကမ္ဘာပေါ်ရှိ မီသိန်းဓာတ်ငွေ့ အများစုသည် ဇီဝဗေဒ နည်းအားဖြင့် ဖြစ်ပေါ် လာခြင်း ဖြစ်ပြီး အင်္ဂါဂြိုဟ် ပေါ်တွင် တွေ့ရသည့် မီသိန်း ဓာတ်ငွေ့ များသည် ၄င်း ဂြိုဟ်ပေါ်ရှိ သက်ရှိများကို ဆိုးရွားသော အခြေအနေ တစ်ခုကို ဖြစ်ပေါ် စေနိုင် ခဲ့ဖွယ် ရှိသည်ဟု မျှော်လင့်ရ ကြောင်း သုတေသီ တစ်ဦးဖြစ်သူ ခရစ္စဝက်ဘ် စတာ က ပြောကြားသည်။
သို့ရာတွင် မိမိတို့ အနေဖြင့် Curiosity အာကာသယာဉ် က တွေ့ရှိခဲ့သည့် မီသိန်းဓာတ်ငွေ့ များသည် ဇီဝဗေဒနည်း သို့မဟုတ် ဘူမိဓာတု နည်းများကြောင့် ဖြစ်ပေါ် လာသည် ဆိုခြင်းကိုမူ အတိအကျ ခွဲခြား နိုင်သေးခြင်း မရှိကြောင်း ခရစ္စဝက်ဘ်စတာ က ပြောကြားသည်။
#Themyawadydaily
#မြ၀တီနေ့စဉ်
No comments:
Post a Comment