Social Icons

Pages

Wednesday, December 3, 2014

နိုင်ငံတစ်ဝန်းရှိ ကျေးရွာပေါင်း တစ်ထောင်ဖွံ့ဖြိုးရေး အတွက် အမေရိကန် ဒေါ်လာ ၇၅ သန်း အသုံးပြု ဆောင်ရွက်သွားမည်



နေပြည်တော် ၊ ၃-၁၂-၂၀၁၄

လာမည့် ၂ဝ၁၅ ခုနှစ်တွင် နိုင်ငံတစ်ဝန်း ကျေးရွာပေါင်း တစ်ထောင်တွင် ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ ဆောင်ရွက်မှု အတွက် အမေရိကန် ဒေါ်လာ ၇၅ သန်း အသုံးပြုမည် ဖြစ်ပြီး တောင်ကိုရီးယား နှင့် တရုတ်နိုင်ငံ တို့မှလည်း ပံ့ပိုးကူညီမည် ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန မှ သိရသည်။

ထို့သို့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ဆောင်ရာတွင် တစ်နိုင်ငံလုံးရှိ ပြည်နယ်များ၊ တိုင်းဒေသကြီးများ အားလုံးရှိ ကျေးရွာများကို စိစစ်၍ ပြုလုပ်ပေးသွား မည်ဖြစ်ကာ ယခင်နှစ်က ဆောင်ရွက် ခဲ့သော မြစိမ်းရောင် စီမံကိန်းကဲ့သို့ လေးနှစ် စီမံကိန်းဖြင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းကို အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် ကိုရီးယားနိုင်ငံ နှင့် တရုတ်နိုင်ငံ တို့က ကျေးရွာပေါင်း ၁ဝဝ စီအတွက် ပံ့ပိုးမည် ဖြစ်ကြောင်း သိရသည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဆောင်ရွက် ရာတွင် ကျေးလက်လူငယ် အဖွဲ့အစည်း များ ဖွဲ့စည်း ဆောင်ရွက်မည် ဖြစ်ကာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေး နှင့် တည်ဆောက်ရေး လုပ်ငန်းတို့ကို ဦးစားပေး ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အတွက် မြစိမ်းရောင် စီမံကိန်းကို ငွေကျပ် ၃၄ ဒသမ ၅ ဘီလီယံ အကုန်ကျခံကာ ကျေးရွာပေါင်း ၁၁၅ဝ တွင် အကောင်အထည် ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အိအိအောင်

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...