Social Icons

Pages

Friday, December 12, 2014

မြန်မာနိုင်ငံ နှင့် အိန္ဒိယနိုင်ငံတို့ ပူးပေါင်း၍ သတင်း အချက်အလက် နှင့် နည်းပညာတက္ကသိုလ် တည်ဆောက်


မြန်မာနိုင်ငံ အစိုးရနှင့် အိန္ဒိယနိုင်ငံ အစိုးရတို့ ပူးပေါင်း တည်ထောင်သည့်
သတင်း အချက်အလက် နှင့် နည်းပညာ တက္ကသိုလ် အဆောက်အအုံ ပုံစံငယ်

ရန်ကုန် ၊ ၁၂-၁၂-၂၀၁၄

မြန်မာနိုင်ငံ အစိုးရနှင့် အိန္ဒိယနိုင်ငံ အစိုးရတို့ ပူးပေါင်း တည်ထောင်သော သီးသန့် တက္ကသိုလ်တစ်ခု အဖြစ် သတင်း အချက်အလက် နှင့် နည်းပညာ တက္ကသိုလ်ကို မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ် ၇၃လမ်း၊ သီရိမန္တလာ ဘောလုံးကွင်း နှင့် မင်္ဂလာ မန္တလေးအိမ်ရာ အနီးတွင် တည်ဆောက်လျက် ရှိရာ မြန်မာနိုင်ငံ နှင့် အိန္ဒိယနိုင်ငံ နှစ်နိုင်ငံ အစိုးရ တို့ ပူးပေါင်း တည်ထောင်သော အဆိုပါ တက္ကသိုလ်မှ မြန်မာနိုင်ငံ အတွက် IT ပညာရှင်များ ပေါ်ထွန်း လာစေရေးကို ဦးစားပေး ရည်ရွယ်၍ တည်ထောင်ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း အချက်အလက် နှင့် နည်းပညာ တက္ကသိုလ် တည်ဆောက်မှုကို ကျော်သာကုမ္ပဏီ၊ Asia Speed ၊ ဂရင်းစကွဲ၊ ထူး ဆောက်လုပ်ရေး ကုမ္ပဏီတို့က ပူးပေါင်း တည်ဆောက်ခြင်း ဖြစ်ပြီး တည်ဆောက် မှုကို ယခုနှစ် ဇွန်လက စတင်ခဲ့ကာ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာတွင် အပြီး တည်ဆောက်မည် ဖြစ်ကြောင်း၊ အဆောက်အအုံများ တည်ဆောက် ခြင်းပြီးစီးပါက ထိုတက္ကသိုလ် မှ IT ပညာရှင်များ ပေါ်ထွန်းလာ စေရေးကို ဦးစားပေး သင်ကြားခြင်း များကို ပြုလုပ်သွားမည် ဖြစ်ပြီး နိုင်ငံတကာ အသိအမှတ်ပြု တက္ကသိုလ် တစ်ခုလည်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ နိုင်ငံတကာ အသိအမှတ်ပြု သတင်း အချက်အလက် နှင့် နည်းပညာ တက္ကသိုလ် ကို မြန်မာနိုင်ငံ နှင့် အိန္ဒိယနိုင်ငံ နှစ်နိုင်ငံ အစိုးရတို့ ပူးပေါင်း တည်ထောင်ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း အချက်အလက် နှင့် နည်းပညာ တက္ကသိုလ် အဆောက်အအုံများ တည်ဆောက်နေမှု မပြီးစီး သေးသော်လည်း ယခု ပညာသင်နှစ်မှ စတင်၍ IT နည်းပညာရပ် နှင့် ပတ်သက်သည့် ဒီပလိုမာ သင်တန်း ကို စတင်ဖွင့်လှစ် သင်ကြားနေပြီ ဖြစ်ကာ ထို ဒီပလိုမာ သင်တန်းကို မန္တလေး ကွန်ပျူတာ တက္ကသိုလ်၌ ဖွင့်လှစ် သင်ကြားလျက် ရှိကြောင်း၊ တက္ကသိုလ် အဆောက်အအုံများ တည်ဆောက်ခြင်း ပြီးစီးပါက IT နည်းပညာ နှင့် ပတ်သက်သည့် ဒီပလိုမာ သင်တန်းများ၊ Bachelor တန်းများ၊ မာစတာ သင်တန်းများကို လည်း ဖွင့်လှစ်သင်ကြား ပေးသွားမည် ဖြစ်ကြောင်း၊ နောက်ပိုင်း ကာလများ၌ မီဒီယာအတွက် အခြေခံ သင်တန်းများ နှင့် ဒီပလိုမာ သင်တန်းများ ကိုလည်း ဖွင့်လှစ်သင်ကြား ပေးသွားမည် ဖြစ်ကြောင်း၊ ယခု တက္ကသိုလ်မှ နောက်ပိုင်းကာလ များ၌ နိုင်ငံတကာ အသိအမှတ်ပြု မြန်မာ IT ပညာရှင်များ နိုင်ငံအတွက် လိုအပ်လျက် ရှိသော ပညာရှင်များကို မွေးထုတ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ (၁၇၃)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...