Social Icons

Pages

Friday, December 12, 2014

မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် ကင်းပတ်လမ်း များနှင့် ခြံစည်းရိုး ကာရံမှုလုပ်ငန်းများ ပြီးစီးတော့မည်


စစ်တွေ ၊ ၁၂-၁၂-၂၀၁၄

မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် ကင်းပတ်လမ်းများ နှင့် ခြံစည်းရိုး ကာရံမှု လုပ်ငန်းများ ပြီးစီးတော့မည် ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် တရားမဝင် ကူးသန်း သွားလာမှုများ မပြုလုပ်နိုင် စေရန် နှစ်နိုင်ငံ နယ်စပ် တစ်လျှောက် ခြံစည်းရိုးများ ကာရံခြင်း၊ ခြံစည်းရိုး တစ်လျှောက် ကင်းပတ်လမ်းများ ဖောက်လုပ် နေခြင်းကို ဆောင်ရွက်လျက် ရှိပြီး လက်ရှိတွင် မြေသားလမ်း အဆင့် ဖောက်လုပ် ထားကြောင်း သိရသည်။

ထိုသို့ ခြံစည်းရိုး တစ်လျှောက် ဖောက်လုပ် ထားသည့် ကင်းပတ်လမ်း များမှာ မြေသားလမ်း အဆင့်သာ ရှိနေသေးသဖြင့် ယခုကဲ့သို့ ပွင့်လင်း ရာသီတွင် ယာဉ်များဖြင့် သွားလာကာ လှည့်ကင်း ပတ်ကင်း လုပ်ငန်းများ ဖြင့် လုံခြုံရေး ဆောင်ရွက် နိုင်သော်လည်း မိုးရာသီတွင် ယာဉ်များ သွားလာနိုင်ခြင်း မရှိဘဲ ခြေကျင်သာ ကင်းပတ်နိုင်မည့် အခြေအနေတွင် ရှိနေကြောင်း သက်ဆိုင်ရာမှ သိရသည်။

ထိုသို့ ယာဉ်များဖြင့် လျင်မြန်စွာ သွားလာနိုင်ခြင်း မရှိဘဲ ခြေကျင်သာ သွားလာနိုင် သဖြင့် မိုးတွင်းကာလတွင် တစ်နေရာရာ၌ တစ်စုံတစ်ခု ဖြစ်ပွားလာပါက အခြားနေရာ များမှ အထောက်အကူ ပေးရန် နှောင့်နှေး ကြန့်ကြာမှုများ တွေ့ကြုံရဖွယ် ရှိကြောင်း ဒေသခံများက ပြောပြသည်။

သာပွင့် (စစ်တွေ)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...