Social Icons

Pages

Monday, October 6, 2014

Royal Green River Prince အပျော်စီး သင်္ဘောသစ် မိတ်ဆက်ပွဲကျင်းပ



ရန်ကုန် ၊ ၆-၁၀-၂၀၁၄

Royal Green River Prince အပျော်စီး သင်္ဘောသစ် မိတ်ဆက်ပွဲ အခမ်းအနား ကို ယမန်နေ့ ညနေပိုင်းက ရန်ကုန်တိုင်း ဒေသကြီး ဗိုလ်တထောင်မြို့ ဗိုလ်တထောင် ဆိပ်ကမ်းရှိ အဆိုပါ သင်္ဘောပေါ်၌ ကျင်းပ ခဲ့ကြောင်း သိရသည်။ 

၎င်း အပျော်စီး သင်္ဘောသစ် သည် ခရီးသည် ၂၅ဝ ဦးခန့်အထိ လိုက်ပါ စီးနင်းနိုင်ပြီး သင်္ဘော၏ Main Deck မှာ လူ ၁၂ဝ ဦးဆံ့သည့် ခန်းမတစ်ခု ပါဝင်ကြောင်း သိရသည်။ သင်္ဘော ခရီးစဉ်များမှာ အပတ်စဉ် သောကြာ၊ စနေ၊ တနင်္ဂနွေနေ့ တို့တွင် ပြေးဆွဲ သွားမည်ဖြစ်ပြီး ကြားရက်များ ဖြစ်သော အင်္ဂါ၊ ဗုဒ္ဓဟူးနေ့ တို့တွင် Sunset Cruise ခရီးစဉ် ပြေးဆွဲပေးမည် ဖြစ်သည်။

ထို့ပြင် Company Meeting, Product Launch, Gathering, Birthday Party, Wedding Dinner နှင့် အခြားသော ဧည့်ခံပွဲ အမျိုးမျိုး တို့ကိုလည်း စင်းလုံးငှား စနစ်ဖြင့် ဆောင်ရွက် ပေးသွားမည် ဖြစ်သည်။ ရန်ကုန်မြစ် အတွင်း အပျော်စီး ခရီးစဉ် များကို လိုက်ပါစီးနင်း သူများအတွက် ဘေးအန္တရာယ် ကင်းရှင်းစေရန် လုံလောက်အောင် စီစဉ် ထားသည့်အပြင် ရေပြင် သက်စောင့် များကိုပါ ခရီးစဉ်အတွင်း စောင့်ကြည့် တာဝန် ချထား ပေးကြောင်း သိရသည်။ (၂၇၀)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...