Social Icons

Pages

Monday, October 6, 2014

နိုင်ငံပေါင်း ၂၄ နိုင်ငံကို e-Visa စနစ် ထပ်မံခွင့်ပြု


ရန်ကုန် ၊ ၆-၁၀-၂၀၁၄

စက်တင်ဘာ ၁ ရက်မှ စတင် အသုံးပြုခဲ့သော အွန်လိုင်းဗီဇာ ( e-Visa ) စနစ်ကို အောက်တိုဘာ ၂ ရက်မှစတင်၍ နိုင်ငံပေါင်း ၂၄ နိုင်ငံကို ထပ်မံခွင့်ပြု လိုက်ပြီဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနမှ သိရသည်။

တိုးချဲ့ ပေးလိုက်သော နိုင်ငံများ၌ မြန်မာ နိုင်ငံသို့ ခရီးသည် အဝင်နည်းသော ပီရူး၊ ပနားမား နှင့် မွန်ဂိုလီးယား စသော နိုင်ငံများ ပါဝင်ကြောင်း သိရသည်။ အွန်လိုင်းဗီဇာ e-Visa စနစ် ဆောင်ရွက်ရာတွင် နိုင်ငံပေါင်း ၄၃ နိုင်ငံအပြင် ခရီးသွား လာရောက်မှု အပေါ် မူတည်ပြီး နိုင်ငံများ ထပ်မံ တိုးချဲ့ပေးရန် ခရီးသွား လုပ်ငန်းရှင်များ က လိုအပ်သော နိုင်ငံများကို သက်ဆိုင်ရာ ဝန်ကြီးဌာန သို့ စက်တင်ဘာ ၂၃ ရက်က တင်ပြခဲ့ ကြသည်။

လက်ရှိတွင် လာအို ၊ ဗီယက်နမ် ၊ ဖိလစ်ပိုင် ၊ ကမ္ဘောဒီးယား နှင့် အင်ဒိုနီးရှား တို့သည် မြန်မာနိုင်ငံ နှင့် ဗီဇာ ကင်းလွတ်ခွင့် အပြန်အလှန် ရရှိထားသော နိုင်ငံများ ဖြစ်သည်။ မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ဝင်ရောက်မှုမှာ သြဂုတ်လကုန် အထိ နှစ်သန်း နီးပါးရှိနေပြီး ၂၀၁၄ ခုနှစ်တွင် ဧည့်သည် အ၀င် သုံးသန်းကျော် ၀င်ရောက် မည်ဟု ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ခန့်မှန်း ထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...