Social Icons

Pages

Friday, February 24, 2017

သိန်းနီမြို့မှ စော်ဘွားဟော်နန်းနှင့် ယဉ်ကျေးမှု အမွေအနှစ်များ ပြန်လည်ထိန်းသိမ်း



သိန်းနီ ၊ ၂၄-၂-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သိန်းနီမြို့သို့ နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှု မြင့်တက်လာစေရေး နှစ်ပေါင်း တစ်ရာကျော် သက်တမ်းရှိ စော်ဘွားဟော်နန်း နှင့် ယဉ်ကျေးမှု အမွေအနှစ်များကို ပြန်လည် ထိန်းသိမ်းလျှက် ရှိကြောင်း သိရှိရသည်။

“ဒီခရီးသွားလုပ်ငန်း ဖြစ်လာရင် နိုင်ငံခြားသားတွေ လာမယ်။ သူတို့တွေလာရင် ကျွန်မတို့ဒေသမှာ အခွန်တွေ ရလာမယ်။ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေ အဆင်ပြေမယ်။ ကျွန်မတို့ရဲ့ ရိုးရာ အစားသောက်တွေ၊ ရိုးရာလက်မှု လုပ်ကိုင်သူ တွေလည်း အလုပ်ဖြစ်လာမယ် ဆိုရင် ကျွန်မတို့မြို့တိုးတက်လာမယ်။ မြို့ကို တိုးတက်စေချင်လို့ ရည်ရွယ်ပြီး လုပ်ဆောင်ရခြင်း ဖြစ်ပါတယ်။’’ ဟု သိန်းနီမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီ ကပြောသည်။

အဆိုပါ ရှေးဟောင်း အမွေအနှစ်များအား ဖော်ဆောင်ကာ ရှေးမူလက်ရာများ အတိုင်းသာ ထားရှိ ထိန်းသိမ်းသွား မည်ဖြစ်ပြီး သိန်းနီမြို့ တွင်လည်း နိုင်ငံခြားသားများ လာရောက်လေ့လာ နိုင်သော နေရာများစွာ ရှိကြောင်း ဒေါ်နန်းခင်ထားရီ က ပြောသည်။ 

“ဒီနေရာရှိနေတာ သိတော့သိတယ်။ ဘာလဲဆိုတာ မသိရဘူး။ အခုလို ဖော်ဆောင်လိုက်မှ ရှေးဟောင်း အမွေအနှစ်တွေ၊ ယဉ်ကျေးမှုတွေ သိန်းနီမြို့မှာ ရှိတယ်ဆိုတာ သိရတော့ သိန်းနီမြို့သူ တစ်ယောက်အနေနဲ့ ဂုဏ်ယူမိ ပါတယ်။ လာရောက် လေ့လာကြည့်ပါလို့ ပြောချင်ပါတယ် ’’ဟု သိန်းနီမြို့နေသူ မနန်းယဉ်ကျော့ က ပြောသည်။ 

သိန္နီမြို့တွင် စော်ဘွားများ ကိုးကွယ်ခဲ့သော ဘုရားကျောင်းဆောင် (ရှမ်းဘာသာဖြင့် စဝ်မိုင်း ခေါက်ကျောင်း)၊ ဘုံငါးဆင့်ကျောင်း (ရှမ်းဘာသာဖြင့် ကျောင်းဟရွက်)၊ ဘုံငါးဆင့် ကျောင်းအတွင်း၌ ထူးဆန်းစွာ တစ်နှစ်ပတ်လုံး ရေမခမ်းသော ရေကန်ငယ် တစ်ခု တည်ရှိကြောင်း သိရသည်။ ထို့အပြင် ရေတံခွန် တိုင်းကုန်း (ကံကော်ကုန်း)၊ စော်ဘွားများ၏ အုတ်ဂူများ၊ ရှေးမူလက်ရာ ဟော်နန်းနှင့် သိန္နီမြို့ ၏ ရိုးရာ အစားအသောက် များစွာ ရှိနေကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...