Social Icons

Pages

Friday, October 3, 2014

မန္တလေးတက္ကသိုလ် တွင် အမေရိကန်နိုင်ငံ East-West Centre မှ သင်တန်း လာရောက်ပို့ချ



မန္တလေး ၊ ၃-၁၀-၂၀၁၄

အမေရိကန် နိုင်ငံ East-West Centre in Washington DC မှ ဒါရိုက်တာ Dr. Satu Limaye နှင့် အဖွဲ့သည် မန္တလေး တက္ကသိုလ်တွင် သင်တန်း ပို့ချရန်အတွက် အောက်တိုဘာ ၁ ရက် နံနက် ၁ဝ နာရီက မန္တလေး တက္ကသိုလ် သို့ လာရောက်ရာ မန္တလေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မောင်သင်း က အစည်းအဝေး ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

East-West Centre မှ ဒါရိုက်တာ Dr. Satu Limaye နှင့်အဖွဲ့ကို မန္တလေး တက္ကသိုလ်တွင် ဖွင့်လှစ်လျက် ရှိသော သင်တန်းများ၊ ဘာသာရပ် ဆိုင်ရာ သုတေသန ဆောင်ရွက်ချက်များ၊ မန္တလေး တက္ကသိုလ် အနေဖြင့် နိုင်ငံတကာ တက္ကသိုလ် များနှင့် ပူးပေါင်း ဆောင်ရွက်နေမှု များကို မန္တလေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မောင်သင်း က ရှင်းလင်း ပြောကြားသည်။

ထို့နောက် မန္တလေး တက္ကသိုလ် အင်းဝ(၉)ခန်းမ၌ " The US Rebalance to ASEAN and Myanmar ခေါင်းစဉ်ဖြင့် Dr. Satu Limaye က သင်တန်းပို့ချသည်။ (ပုံ)

ထို့နောက် တက်ရောက် လာသူများက သိရှိလိုသည့် အချက်များကို မေးမြန်းရာ Dr. Satu Limaye နှင့်အဖွဲ့က ပြန်လည် ဆွေးနွေး ဖြေကြားသည်။ အဆိုပါ သင်တန်းသို့ မန္တလေး တက္ကသိုလ်၊ မန္တလေး နိုင်ငံခြား ဘာသာ တက္ကသိုလ် နှင့် ရတနာပုံ တက္ကသိုလ် တို့မှ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ဦးရေ ၃ဝဝ ခန့် တက်ရောက် ခဲ့ကြကြောင်း သိရသည်။

အောင်ကျော်ထိုက်

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...