Social Icons

Pages

Friday, October 10, 2014

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၊ ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ် နှင့် နိုင်ငံခြားရေး ၀န်ကြီးနှင့် တွေ့ဆုံ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ် နှင့် နိုင်ငံခြားရေး ၀န်ကြီး H.E. Mr. Tanasak Patimapragorn အား ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်

နေပြည်တော် ၊ ၁၀-၁၀-၂၀၁၄

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Tanasak Patimapragorn နှင့် ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင် ၌ တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေး ဝန်ကြီးနှင့် အတူ မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Pisanu Suvanajata နှင့် စစ်သံမှူး Col. Salawin Uttarak နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

တွေ့ဆုံပွဲတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ထိုင်းနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှု များတွင် တည်ငြိမ် အေးချမ်းမှု နှင့် ဖွံ့ဖြိုး တိုးတက်မှု များကို ပြည်သူ၏ ဆန္ဒနှင့်အညီ အောင်မြင်စွာ လုပ်ဆောင် နိုင်မည်ဟု မျှော်လင့် ပါကြောင်း၊ နှစ်နိုင်ငံ နယ်စပ် ရေးရာများ ဖြစ်သော မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး၊ နယ်စပ် တည်ငြိမ် အေးချမ်းရေး၊ စနစ်တကျ ရှိရေးတို့တွင် ဆက်လက် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ မြန်မာ အလုပ်သမား များကိစ္စ ကူညီ ဆောင်ရွက်ပေးမှု နှင့် ပတ်သက်၍ မြန်မာ အလုပ်သမား များသာမက ၎င်းတို့နှင့် သက်ဆိုင်သော မိသားစု များမှလည်း လှိုင်လှဲစွာ ကျေးဇူးတင်ရှိ နေပါကြောင်း၊ လက်ရှိ ဖြစ်ပွားနေသော လိပ်ကျွန်း ဖြစ်စဉ်နှင့် ပတ်သက်၍ ဖြစ်စဉ်အမှန် ပေါ်ပေါက်ရေး ဥပဒေနှင့် အညီ ဆောင်ရွက် ပေးပါရန် နှင့် မြန်မာသံရုံးမှ အထူးအဖွဲ့ဖြင့် လေ့လာ နေမှုကို မှန်မှန်ကန်ကန် လေ့လာနိုင်ရေး စီစဉ် ဆောင်ရွက် ပေးရန် မေတ္တာရပ်ခံ ပါကြောင်း၊ အပြစ်ရှိ သူကို အပြစ်မပေးမိ တာထက် အပြစ်မရှိ သူကို အပြစ်မပေး မိရန် လိုသည် ဟူသော ဥပဒေ စကားအတိုင်း သေချာစွာ စိစစ် လုပ်ဆောင် ပေးစေ လိုကြောင်း၊ ဘာသာရေး အစွန်းရောက် များ၏ အကြမ်းဖက်မှု ကိစ္စရပ်များ နှင့် ပတ်သက်၍ နှစ်နိုင်ငံ သတင်းဖလှယ် ပူးပေါင်းဖြေရှင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ မိမိတို့ တာဝန်ယူသည့် ကာလတွင် မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး နှင့် ပတ်သက်၍ အထိရောက်ဆုံး ပူးပေါင်း ဆောင်ရွက် သွားနိုင်မည်ဟု ယုံကြည်ကြောင်း နှင့် မြန်မာ - ထိုင်းနှစ်နိုင်ငံ ဆက်ဆံရေး သမိုင်းတွင် အကောင်းဆုံး သမိုင်းမှတ်တမ်း ကျန်အောင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။

ဧည့်သည်တော် က နှစ်နိုင်ငံ ဆက်ဆံရေး ယခုကဲ့သို့ တိုးတက် ကောင်းမွန် လာမှုကို ဝမ်းမြောက်ကြောင်း နှင့် နောင်တွင်လည်း မိသားစု စိတ်ဖြင့် ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ လိပ်ကျွန်းကိစ္စ နှင့် ပတ်သက်၍ တိကျ မှန်ကန်သော အချက်အလက် များရရှိရေး၊ အမှန်တရား ရှင်းရှင်း လင်းလင်း သိရှိရေး မြန်မာသံရုံး နှင့် ညှိနှိုင်း၍ ဆောင်ရွက် နေပါကြောင်း၊ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုဖြင့် နယ်စပ်ဒေသ အလုပ်သမား ကိစ္စရပ်များ ကောင်းမွန်စွာ ဖြေရှင်း ဆောင်ရွက် နိုင်ခဲ့ကြောင်း၊ ဆက်လက်ပြီး နယ်စပ်ဒေသ ရောင်းဝယ် ဖောက်ကားမှု လွယ်ကူ လျင်မြန် ချောမွေ့စေရေး ကြိုးပမ်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး နှင့် ပတ်သက်၍ ထိရောက်စွာ ပူးပေါင်း တားဆီး ကာကွယ် သွားမည် ဖြစ်ကြောင်းဖြင့် ပြန်လည် ဆွေးနွေး ပြောကြား ခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...