Social Icons

Pages

Saturday, September 20, 2014

စင်ကာပူရေတပ် မှ စစ်ရေယာဉ် RSS Endeavour (210) မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ


စင်ကာပူရေတပ် မှ စစ်ရေယာဉ် RSS Endeavour (210) မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့် အရာရှိ ၊ စစ်သည် ၊ မိသားစုများက ပို့ဆောင် နှုတ်ဆက်စဉ်

ရန်ကုန် ၊ ၂၀-၉-၂၀၁၄

စင်ကာပူရေတပ် ဗိုလ်လောင်း များအား ပင်လယ်ပြင် လက်တွေ့ လေ့ကျင့်ခန်းများ လေ့ကျင့် ဆောင်ရွက်ရန် နှင့် နှစ်နိုင်ငံ ရေတပ်များအကြား ချစ်ကြည် ရင်းနှီးမှု ရရှိစေရန် ရည်ရွယ်၍ Midshipman Sea Training 

Deployment 2/2014 ခရီးစဉ် အဖြစ် ရောက်ရှိနေသော စင်ကာပူ ရေတပ်မှ Landing Platform Dock (LPD) အမျိုးအစား စစ်ရေယာဉ် RSS Endeavour (210) သည် ယမန်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် သန်လျင် (သီလဝါ) MITT ဆိပ်ကမ်းမှ ပြန်လည် ထွက်ခွာရာ တပ်မတော်(ရေ ) မှ အရာရှိကြီးများ နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ပို့ဆောင် နှုတ်ဆက် ကြသည်။

အဆိုပါ စစ်ရေယာဉ်တွင် လိုက်ပါလာ သော အရာရှိ၊ စစ်သည်များ သည် စက်တင်ဘာ ၁၅ ရက်မှ ၁၉ ရက်အထိ ၅ ရက်ကြာ ချစ်ကြည်ရေး ခရီးစဉ် အတွင်း နှစ်နိုင်ငံ ရေတပ် ချစ်ကြည်ရေး အားကစား ပြိုင်ပွဲများ ပြုလုပ်ခြင်းနှင့် 

သုဝဏ္ဏ အားကစားရုံ သို့ သွားရောက် လေ့လာ ခဲ့ကြကြောင်း သိရှိရသည်။ (၁၀၀)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...