Social Icons

Pages

Friday, November 22, 2013

လူသွားစင်္ကြီများပေါ် မီးစက်ကြီးများ ထားရှိရန် အသစ်လျှောက်ထားမှု ခွင့်မပြုတော့



ရန်ကုန် ၊ ၂၂-၁၁-၂၀၁၃

ရန်ကုန်မြို့တော် စည်ပင် သာယာ နယ်နိမိတ် အတွင်း လူသွားစင်္ကြီများ ပေါ်မီးစက်ကြီးများ ထားရှိရန် လျှောက်ထားမှု အသစ် များကို ခွင့်မပြု တော့ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ၊ အင်ဂျင်နီယာ ဌာန (လမ်း၊ တံတား)မှ သိရသည်။

လက်ရှိ ရန်ကုန်မြို့တော် အတွင်းတွင် လမ်းမကြီး များကို အသစ်ပြန်လည် ပြုပြင်ခြင်း ၊ လူသွား စင်္ကြီများ ပြန်လည် ပြုပြင်ခြင်း နှင့် ယာဉ်ရပ်နား နိုင်ရန် ကားပါကင်များ အသစ် ဖော်ဆောင် ပေးခြင်း တို့ကို ဆောင်ရွက်လျက် ရှိရာ ယခင်က ခွင့်ပြု ပေးထားသော မီးစက်ကြီးများ ထားရှိခြင်းကို ခွင့်ပြုခြင်း မရှိတော့ဘဲ လိုအပ်ပါက ယခင်ခွင့်ပြု ထားသော မီးစက်များ ရွှေ့ပြောင်း ရန်ကိုလည်း အသိပေး နှိုးဆော် ထားကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ၊ လမ်းတံတား ဌာနမှ သိရသည်။

ယခင်က လူသွားစင်္ကြံများ ပေါ်တွင် ပုဂ္ဂလိက လုပ်ငန်းများမှ မီးစက်ကြီးများ ထားရှိခြင်းကို ခွင့်ပြု ပေးထားပြီး တစ်စတုရန်းပေ လျှင် ငွေကျပ် ၁၅ဝဝ နှုန်းဖြင့် အခွန် ကောက်ခံ ခဲ့သည်။ ၄င်းကို ပြီးခဲ့သည့် နှစ်မှစ၍ အခွန်ကောက်ခံ ခြင်း မပြုတော့ဘဲ လိုအပ်သည့် အချိန်တွင် ရွှေ့ပြောင်း ပေးရန် အသိပေး နှိုးဆော်ခြင်း များကိုလည်း ပြုလုပ်လျက် ရှိသည်ဟု သိရသည်။

ရန်ကုန်မြို့တော် အတွင်း ယာဉ်အစီးရေ ထူထပ်များပြား လာပြီး ယာဉ်ရပ်နားရန် နေရာ အခက်အခဲ များစွာ ဖြစ်ပေါ် နေခြင်းကြောင့် လမ်းမကြီးများ ဘေး လူသွားစင်္ကြီ များတွင် လူသွားလမ်း ချန်၍ ယာဉ်ရပ်နား နိုင်ရန် နေရာများ ဖော်ဆောင် လျက်ရှိရာ လိုအပ်ချက် ရှိသော နေရာများရှိ မီးစက်ကြီး များကို ဖယ်ရှား စေလျက် ရှိသည်ဟု သိရသည်။

'' ချက်ချင်း ပြောင်းပေး ရဖို့ဆို တာထက် လိုအပ်ရင် ဖယ်ပေးရ မှာပါ ၊ တချို့ မီးစက်တွေက မလွတ်ဘူး ၊ လူသွားလမ်း ငါးပေလောက် ချန်ပြီး လမ်းဘေးမှာ ကားရပ်နိုင်အောင် ပါကင်တွေ လုပ်နေတော့ ဖယ်ခိုင်းရတာ ရှိပါတယ် .. .. '' ဟု အင်ဂျင်နီယာ ဌာန (လမ်း၊ တံတား) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။


ရန်ကုန်မြို့တော် အတွင်း စည်ပင်သာယာ ခွင့်ပြုချက်ဖြင့် မီးစက်ကြီးများ ထားရှိခွင့် ခွင့်ပြုထားမှု ၁၀၀၀ ကျော် ရှိကြောင်း ၊ အသစ်လျှောက် ထားမှုများ ကို ခွင့်မပြုတော့ ကြောင်း သိရှိရသည်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...