Social Icons

Pages

Wednesday, November 20, 2013

သံတမန်ရေး ဆိုင်ရာ မပြေလည်မှုကြောင့် လေတပ် ပူးတွဲစစ်ရေး လေ့ကျင့်ခန်းကို ထိခိုက်စေမည် မဟုတ်ဟု သြစတြေးလျ ပြောကြား


၂၀၁၁ ခုနှစ် နှစ်နိုင်ငံ လေတပ် ပူးတွဲ စစ်ရေး လေ့ကျင့်ခန်း
 Elang AusIndo 2011 မှ မှတ်တမ်းပုံများ



မဲလ်ဘုန်း ၊ ၂၀-၁၁-၂၀၁၃

တယ်လီဖုန်း ကြားဖြတ် နားထောင်ခြင်း နှင့် သူလျှိုလုပ်မှု တို့နှင့် ပတ်သက်သော သံတမန်ရေး ဆိုင်ရာ မပြေလည် မှုသည် သြစတြေးလျ နိုင်ငံ မြောက်ပိုင်း ဒါဝင်မြို့တွင် ပြုလုပ်နေသော သြစတြေးလျ လေတပ် နှင့် အင်ဒိုနီးရှား လေတပ်တို့၏ လေတပ် ပူးတွဲ စစ်ရေး လေ့ကျင့်ခန်း Elang AusIndo အား ထိခိုက်စေမည် မဟုတ်ကြောင်း သြစတြေးလျ လေတပ် အမှတ်(၇၅) လေယာဉ် အုပ်မှူး ဒုတိယ ဗိုလ်မှူးကြီး ပီတာမစ်ချယ် က ပြောကြား ခဲ့သည်ဟု နိုဝင်ဘာ ၁၉ ရက် CNA သတင်းဌာန ၏ NEWS now သတင်းတစ်ရပ် အရသိရသည်။

သြစတြေးလျ လေတပ်နှင့် အင်ဒိုနီးရှား လေတပ် တို့သည် သြစတြေးလျ နိုင်ငံ ဒါဝင်မြို့တွင် နိုဝင်ဘာ ၁၉ ရက်မှစ၍ ရက်သတ္တ ပတ်ကြာ ပူးတွဲစစ်ရေး လေ့ကျင့်ခန်း တစ်ရပ် စတင် ပြုလုပ်လျက် ရှိကြောင်းနှင့် အဆိုပါ စစ်ရေး လေ့ကျင့်ခန်း တွင် သြစတြေးလျ နိုင်ငံဘက်မှ FA-18 တိုက်လေယာဉ် ၈ စင်းနှင့် အင်ဒိုနီးရှား နိုင်ငံဘက်မှ F-16 တိုက်လေယာဉ် ၆ စင်း အပါအဝင် နှစ်နိုင်ငံ တပ်ဖွဲ့ဝင် ၂ဝဝ ဦးကျော် ပါဝင် လေ့ကျင့်လျက် ရှိကြောင်း သိရသည်။


အင်ဒိုနီးရှား စစ်ဘက်နှင့် နည်းဗျူဟာမြောက် ဆက်ဆံရေးသည် အရေးကြီး ကြောင်းနှင့် နှစ်နိုင်ငံ လေသူရဲများ အကြား ရင်းနှီးသော ဆက်ဆံရေး ရရှိစေကြောင်း ဒုတိယ ဗိုလ်မှူးကြီး မစ်ချယ် က ထပ်လောင်း ပြောကြား ခဲ့သည်။ ပူးတွဲစစ်ရေး လေ့ကျင့်ခန်း များကို ဒါဝင်လေတပ် အခြေစိုက်စခန်း တွင် ပြုလုပ် သွားမည် ဖြစ်ပြီး လေ့ကျင့် ပျံသန်းမှု များကို နေ့အချိန်တွင်သာ ပြုလုပ် သွားမည်ဟု သိရှိရသည်။



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...