Social Icons

Pages

Wednesday, October 16, 2013

ဂျပန်နိုင်ငံတွင် တိုင်ဖုန်း Wipha တိုက်ခတ်မှုကြောင့် ၁၄ ဦးသေဆုံး



တိုကျို ၊ ၁၆-၁၀-၂၀၁၃

ဂျပန်နိုင်ငံ တောင်ပိုင်း Izu Oshima ကျွန်းတွင် အောက်တိုဘာ ၁၆ ရက် အစောပိုင်း၌ တိုင်ဖုန်း Wipha တိုက်ခတ် မှုကြောင့် ၁၄ ဦး သေဆုံးခဲ့ ကြောင်း NHK သတင်းတစ်ရပ် အရ သိရသည်။

၎င်း Wipha မုန်တိုင်းသည် အောက်တိုဘာ ၁၆ ရက် မွန်းလွဲပိုင်းတွင် Iwate စီရင်စု၏ အရှေ့ တောင်ဘက် ပင်လယ်ပြင် မှ ဖြတ်သန်း သွားပြီး မြောက်ဘက် နှင့် အနောက် မြောက်ဘက် သို့ တစ်နာရီ ၇၅ ကီလိုမီတာ နှုန်းဖြင့် ရွေ့လျား သွားကြောင်း ဂျပန် မိုးလေဝသ ဌာနက ထုတ်ပြန် ကြေညာ ခဲ့သည်။ Swollen မြစ်ဝအနီး ပြိုကျနေသော အိမ်များနှင့် အခြားသော နေရာများတွင် သေဆုံးသူ ၁၃ ဦးအား ရှာဖွေ တွေ့ရှိခဲ့ပြီး အမျိုးသမီး အလောင်း တစ်လောင်း ကိုလည်း မြစ်အတွင်း ၌ တွေ့ရှိ ခဲ့ကြောင်း Izu Oshima  ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။


တိုကျိုမြို့အနီး Kanagawa စီရင်စုတွင် ပျောက်ဆုံး လျက်ရှိသော ၆ နှစ်အရွယ် ယောက်ျားလေး ၂ ဦးကို ရဲတပ်ဖွဲ့ဝင် များက ရှာဖွေလျက် ရှိပြီး Chiba  စီရင်စု တွင်လည်း လူတစ်ဦး ပျောက်ဆုံးလျက် ရှိကြောင်းနှင့် မုန်တိုင်း တိုက်ခတ် ခဲ့သောကြောင့်  စီရင်စု ၁၆ ခုရှိ လူ ၃၇ ဦး ဒဏ်ရာ ရရှိခဲ့ ကြောင်း သိရသည်။ ၄င်းမုန်တိုင်း တိုက်ခတ်မှု ကြောင့် တိုကျိုမြို့အနီးဝန်းကျင် နှင့် အချို့ဒေသ များတွင် မြေပြိုမှုများ ၊ လျှပ်စစ်မီး ပျက်တောက်မှု များနှင့် အိမ်များ ရေနစ်မြုပ်မှု များဖြစ်ပွား ခဲ့ပြီး မီးရထားလမ်း နှင့် ကားလမ်း မီးပွိုင့်များ ပျက်စီးခဲ့ ကြောင်းနှင့် အိမ်ထောင်စု ဝင် ၂၃,ဝဝဝ ကျော် ရွှေ့ပြောင်း ခဲ့ရကြောင်း ဒေသခံ အာဏာပိုင် များက ပြောကြား ထားကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...