Social Icons

Pages

Saturday, September 14, 2013

မြန်မာနိုင်ငံတွင် အမေရိကန် ပြည်ထောင်စု၏ ပထမဆုံးဥပဒေဆိုင်ရာ အကျိုးဆောင် ကုမ္ပဏီဖွင့်လှစ်


ရန်ကုန် ၊ ၁၄-၉-၂၀၁၃

အမေရိကန် နိုင်ငံ အခြေစိုက် ဥပဒေ အကျိုးဆောင် ကုမ္ပဏီ တစ်ခုဖြစ်သော Duane Morris ကုမ္ပဏီသည် မြန်မာနိုင်ငံ တွင် အမေရိကန် ပြည်ထောင်စု ၏ ပထမဆုံး ဥပဒေ ဆိုင်ရာ အကျိုးဆောင် ကုမ္ပဏီ အဖြစ် ပထမဆုံး ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း ၊ ၄င်းတို့၏ ၂၆ ခုမြောက် ရုံးခွဲ ဖြစ်သည့် မြန်မာနိုင်ငံ ရှိ ဥပဒေဆိုင်ရာ အကျိုးဆောင် ကုမ္ပဏီသည် စင်ကာပူ တွင် အခြေစိုက် ထားသည့် Selvam နှင့် ပူးတွဲ ဆောင်ရွက် မည်ဟု သိရသည်။


မြန်မာနိုင်ငံ တွင် ဖွင့်လှစ်မည့် ရုံးတွင် ဥပဒေ အကျိုးဆောင် ၁၂ ဦး ရှိမည် ဖြစ်ပြီး အမေရိကန် ပြည်ထောင်စု ဖီလာဒဲဖီးယား တွင် အခြေစိုက် ထားသည့် Duane Morris ကုမ္ပဏီ သည် အခွန် စည်းကြပ်ခြင်း ၊ လုပ်ငန်း လိုင်စင် ထုတ်ပေးခြင်း ၊ စည်းမျဉ်း စည်းကမ်းများ ထိန်းသိမ်းခြင်း ၊ ဈေးကွက် ၀င်ခွင့် ရရှိရေး နှင့် လိုအပ်သည့်များ သတင်းပို့ခြင်း ၊ အမေရိကန် ပြည်ထောင်စု ၏ အကျင့်ပျက် ချစားမှု ဆိုင်ရာ ဥပဒေ နှင့် ဗြိတိန်နိုင်ငံ ၏ လာဘ်ပေး လာဘ်ယူမှု ဆိုင်ရာ ဥပဒေ ထုတ်ပြန် ပေးခြင်းများကို ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။ (၄၀၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...